1. Home
  2. Myanmar News

ဆေးဘူးနှင့် ကြွေဂျီးချွတ်ဆေးဘူး မှားသောက်မိတဲ့ အမျိုးသမီး

Myanmar News มิ.ย. 12, 2560 view 1,818

အမျိုးသမီးတစ်ဦး ဆေးဘူးနှင့် ကြွေဂျီးချွတ်ဆေးဘူး မှားသောက်မိခဲ့လို့ အဆိုပုလဲအရန် မီးသတ်တပ်ဖွဲ့မှ အချိန်မှီ ဆေးရုံပို့ ကူညီနိုင်ခဲ့ရကြောင်းသိရှိရသည်။ယနေ့ မနက် ၇း ၄၅ ၀န်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အမှတ် (၁၇) မြဓမ္မရုံလမ်း ဒေါ်ဝင်းကြည် အသက် (၅၅)နှစ်သည် မိသားစုမှပြောပြချက်အရ ဆေးဘူးနဲ့ ကြွေဂျီးချွတ် ဆေးအရည်အား ဘူးမှား၍ သောက်မိဟု သိရှိရသည်။

ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့သို့ ပြည်သူတဦးမှ ဖုန်းဆက်အကူအညီ တောင်းခံသဖြင့် လူနာအား အချိန်မှီမေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီ။ ဆေးရုံအချိန်မှီ ရောက်ရှိသောကြောင့် အသက်အန္တရာယ်စိုးရိမ်ရမှု့မရှိတော့ပါ။
Source: ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့

 



Follow us on