1. Home
  2. Good Morning Myanmar

ရန်ကုန်မြို့ရဲ့ရေကြီးရေလျှံမှုဖြေရှင်းဖို့အတွက်ကမ္ဘာ့ဘဏ်ချေးငွေမှအမေရိကန်ဒေါ်လာသန်း ၁၀၀ အသုးံပြုသွားမည်

Good Morning Myanmar มิ.ย. 12, 2560 view 1,381

မိုးရာသီကာလမှာဖြစ်ပွားလျက်ရှိတဲ့ ရန်ကုန်မြို့ရဲ့ရေကြီးရေလျှံမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေ မှအမေရိကန်ဒေါ်လာသန်း(၁၀၀)ကို အသုးံပြုဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ဇွန်လ၉ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ လက်ရှိအစိုးရသစ်တာဝန်ယူပြီးတဲ့ကာလအတွင်း ရန်ကုန်မြို့ရဲ့ ရေကြီးရေလျှံမှုကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်မှုမရှိသေးတဲ့အတွက် ရေကြီးရေလျှံမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်က ကူညီပေးမယ့် အမေရိကန်ဒေါ်လာသန်းပေါင်း(၁၂၅)သန်းထဲက သန်း ၁၀၀ကိုအသုးံပြု ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုရေကြီးရေလျှံမှုကိုဖြေရှင်းနိုင်ဖို့အတွက် စီမံချက်ရေးဆွဲပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲရေကြီးရေလျှံမှုအတွက်စီမံချက်ရေးဆွဲဆောင်ရွက်ရာမှာ ရေကြီးရေလျှံမူဖြစ်စေတဲ့အဓိက အကြောင်းရင်းတွေဖြစ်တဲ့ မြောင်းတွေရှင်းလင်းတာတွေ ၊ လူသွားစင်္ကြံပလက်ဖောင်းတွေကို အဆင့်မြင့်တင်တာတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင်ကားမှတ်တိုင်တွေကို အဆင့်မြှင့်တင်တာတွေလည်း ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီလိုပြင်ဆင်မှုတွေကို အခုနှစ်ပွင့်လင်းရာသီမှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ရန်ကုန်မြို့ရဲ့ရေကြီးရေလျှံမှုကို ဖြေရှင်းရာမှာ အမှိုက်စွန့်ပစ်မှုကလည်း အဓိကကျတဲ့ ပြဿာနာတစ်ခုဖြစ်ပြီး အမှိုက်စွန့်ပစ်မှုနဲ့ပက်သက်လို့ စနစ်တကျစွန့်ပစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် ရေကြီးရေလျှံမူတွေအတွက် မြစ်ကြောင်းတလျောက်ပြုပြင်ထိန်းသိမ်းတာတွေကိုလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ -3:25



Follow us on