1. Home
  2. Special or Others

US လေဆိပ်က ခုံတန်းလျားပေါ်မှာ အိပ်စက်နေတဲ့ အင်ဒိုနီးရှားဝန်ကြီးချုပ်ရဲ့ ဓါတ်ပုံပျံ့နှံ့

Special or Others มิ.ย. 13, 2560 view 1,540
အင်ဒိုနီးရှားနိုင်ငံရဲ့ ပင်လယ်ရေကြောင်းနဲ့ ငါးလုပ်ငန်းဦးစီးဌါနရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Susi Pudjiastuti ဟာ နယူးယော့ခ်မြို့ ဂျွန်အက်ဖ်ကနေဒီလေဆိပ်ထဲက လေယာဉ်စောင့်ဆိုင်းရာအခန်းထဲမှာ အင်ဒိုနီးရှားကိုပြန်ဖို့ လေယာဉ်စောင့်ဆိုင်းရင်း ခုံတန်းရှည်ပေါ်မှာ အိပ်စက်ခဲ့တာဖြစ်ပါတယ်။
 
အဆိုပါဓါတ်ပုံကို Jim B. Aditya ဆိုသူက တနင်္လာနေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ Facebook ကို တင်ခဲ့ရာမှ ပြန်လည်ဝေမျှသူများခဲ့ပြီး ဝန်ကြီးချုပ်ကို “Super Woman” အဖြစ် ဝိုင်းဝန်းချီးကျူးထောပနာ ပြုခဲ့ကြသည်။
 
ဝန်ကြီးချုပ် Susi ဟာ နယူးယော့ခ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပင်လယ်ရေကြောင်းထိန်းသိမ်းမှုဆိုင်ရာ နိုင်ငံတစ်ကာ ညီလာခံကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါညီလာခံမှာ ကမ္ဘာကျော်ဟောလိဝုဒ်မင်းသား လီယိုနာဒို ဒီကာပရိယိုက တရားမဝင်ငါးဖမ်းဆီးတဲ့ ကိစ္စကိုရင်ဆိုဖြေရှင်းနေတဲ့ သူမကို ချီးမွမ်းစကားဆိုခဲ့ပါတယ်။
 
ဝန်ကြီးချုပ်ဟာ ညီလာခံကအပြန်မှာ လေဆိပ်ထဲက VIP အခန်းထဲမှာ လောယာဉ်စောင့်ရင်း အိပ်မောကျခဲ့တာဖြစ်ပါတယ်။ ယင်းဓါတ်ပုံကို Jim B. Aditya ကတင်ခဲ့ပြီး “အင်ဒိုနီးရှားပင်လယ်တွေရဲ့ မိခင်အဖြစ်ခေါ်ထိုက်တဲ့ စွမ်းဆောင်ရှင်အမျိုးသမီး” ဟု စာတန်းထိုးထားခဲ့ပါတယ်။
 
 
အဆိုပါ ဓါတ်ပုံကို မျှဝေသူ ချီးကျူးဂုဏ်ပြုစာ ပြန်ကြားခဲ့သူတွေ များပြားခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ပြည်သူများက သူတို့အကျိုးကို အကာအကွယ်ပေးနိုင်သူ၊ ပြည်သူအတွက် စွန့်လွှတ်အနစ်နာခံတတ်သော ခေါင်းဆောင်မျိုးကိုသာ ပို၍လိုလားကြောင်း သာဓကတစ်ခုဖြစ်ခဲ့သည်
 


Follow us on