
အမလေး ကိုငြိမ်းမောင်ရယ်
ကိုငြိမ်းမောင်ရဲ့YBSစီးပြီးအိမ်ပြန်ရတာ
ရိုလာကိုစတာစီးရသလိုပဲသိလား
ရုံးဆင်းတော့၈နာရီထိုးခါနီးပြီ
အော် ဒီအချိန်တော့ ကားလည်းချောင်တယ်
ပိုက်ဆံလည်းအကုန်အကျသက်သာအောင်ဆိုပြီး
လှည်းတန်းကနေမော်တင်ထိသွားတဲ့
YBS ၂၁လိုင်းကိုစီးလိုက်တယ်
ကားပေါ်မှာလည်းနေရာရတော့အေးဆေးပဲပေါ့နော်
အမလေး.....ကားဘီးစလှိမ့်ထဲက ဒရိုင်ဘာက
သူ့ကိုယ်သူ ဘာကြီးများမောင်းနေတယ်ထင်လဲမသိဘူး
မြန်နှုန်းမြင့်speedတွေနဲ့မောင်းတာဆိုတာ
ဘရိတ်ကိုလည်းစောင့်အုပ်သေးတယ်
ကားပေါ်ကလူတွေကိုးရို့ကားယားကိုဖြစ်လို့
စပယ်ယာရဲ့ရုပ်ကလည်း လူမိုက်ရုပ်အသွင်အပြင်နဲ့
ပြောချင်တာကလေ ကိုငြိမ်းမောင်ရယ်
ပြုပြင်ပြောင်းလဲမှုအားလုံးကိုကျေနပ်ပါတယ်လို့
ပြောခဲ့တယ်လေ ကျွန်မတို့လည်းကိုငြိမ်းမောင်ရဲ့ပြုပြင်ပြောင်းလဲတာတွေကို ကျေနပ်ချင်လို့
အဲလိုစည်းကမ်းမရှိတာတွေကို အပြောနဲ့မဟုတ်ဘဲ
လက်တွေ့အရေးယူပေးစေချင်ပါတယ်
YBSကားအားလုံးကိုတော့မဆိုလိုပါ
တချို့ကားတွေစနစ်ကျတယ်ဆိုတာလက်ခံပါတယ်



Source: Eaint Myat Noe Zaw
comment