1. Home
  2. Movie Stars - Celebrity

မြန်မာပြည်ရောက် CL ဘယ်နေရာကို သွားဖို့ရှိသလဲ....

Movie Stars - Celebrity มิ.ย. 13, 2560 view 1,427

Under Dawg Festival ဖျော်ဖြေပွဲအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် CL ကို ပုဂံဒေသသို့ Private လေယာဉ်ဖြင့် ပို့ပေးရန် စီစဉ်ထားကြောင်း ယင်းဖျော်ဖြေပွဲစီစဉ်သည့် ကိုဂျောမရန်က ပြောသည်။

‘‘ကျွန်တော်စီစဉ်ထားတာ တော့ ပုဂံကို စီစဉ်ထားတယ်။ ဒါ ပေမဲ့ Private Jet လုပ်ပေးရမယ်။ အဲဒါတောင်းထားတာ မနက်ဖြန် (ဇွန်လ၁၃ ရက်) မနက်စောစောမှ သိရမယ်’’ဟု ၎င်းက ပြောသည်။

Under Dawg Festival ကို Living Sound Entertainment က စီစဉ်ခြင်းဖြစ်ပြီး CL နှင့်အတူ အမေရိကန် ဟစ်ဟော့ပ်အဆို တော်များဖြစ်သည့် Nelly နှင့် Soulja Boy တို့ ပါဝင်ဖျော်ဖြေ သည့် ဖျော်ဖြေပွဲကို ဇွန်လ ၁၂ ရက်ညတွင် သုဝဏ္ဏဘူမိ Event Park ၌ ပြုလုပ်ခြင်းဖြစ်သည်။

CL သည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၁ ရက် ညက ရောက်ရှိပြီး ၎င်း၏ အမာခံပရိသတ်များက လေဆိပ်၌ လာရောက်ကြိုဆိုခဲ့သည်။ဖျော်ဖြေပွဲပြုလုပ်သည့် ဇွန်လ၁၂ ရက် နေ့လယ်တွင် Junction City ၌ အနုပညာရှင်များနှင့် စာ နယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း လာရောက် တွေ့ဆုံအားပေးသည့် ပရိသတ် များပြားသဖြင့် မိနစ်အနည်းငယ် သာ တွေ့ဆုံခဲ့ရသည်။

CL သည် မြန်မာနိုင်ငံမှ ဇွန်လ ၁၃ ရက် ညတွင် ကိုရီးယား နိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း ကိုဂျောမရန်က ပြောသည်။2NE1 အဖွဲ့ဝင်ဟောင်း CL သည် ပြီးခဲ့သည့် ၂၀၁၄ က မြန်မာနိုင်ငံသို့ 2NE1 အဖွဲ့လိုက်ဖျော် ဖြေပွဲအတွက် လာရောက်ခဲ့ပြီး ယခုခရီးစဉ်သည် ၎င်းအတွက် ဒုတိယအကြိမ်ဖြစ်သည်။

Source: 7daydaily

 



Follow us on