
တိုက်ပေါ်မှ ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ မြန်မာအိမ်အကူလေးနှင့် ပတ်သက်ပြီး သွားရောက်ကြည့်ရှုခဲ့သူ ဒေါ်ခင်လေး၏ ပြောပြချက်ကို အောက်တွင် ဖတ်ရှုနိုင်ပါပြီ။
မနေ့ (12-06-2017) ညနေ
၇:၀၀ အချိန် လောက်က
၂၄ ထပ်ရှိသော တိုက်ရဲ့
၁၈ထပ်မှ ခုန်ချကာ
သေဆုံးခဲ့သော ညီမငယ်ကို
ဒီနေ့ (13-06-2017) နံနက်
၁၀း၀၀ နာရီလောက်မှာ
စင်္ကာပူ အတွေထွေရောဂါကုဆေးရုံရှိ
အဆောင် ၉ မှာ မြန်မာသံရုံးရှိ
တာဝန်ရှိသူ နှစ်ဦးနှင့်အတူ
သွားရောက် ကြည့်ရှူ့ ခွင့် ရခဲ့ပါတယ်။
စိတ်မကောင်းစရာ မြင်ကွင်းဖြစ်ပေမယ့်
စိတ်ဆင်းရဲစရာများအတွက်
ခဏတာစိတ်ဆုံးဖြတ်ချက် အမှားနဲ့အတူ
ဘဝတစ်ခုလုံး လဲယူသွားတဲ့
ညီမလေး အတွက် နောင်ဘဝဆက်တိုင်း
ဒီအဖြစ်ဆိုးမျိုးမဖြစ်ဖို့ ဆုတောင်းပေးဖြစ်ခဲ့ပါတယ်။
တစ်ကယ်တော့ ဒီညီမလေးကို
ခင်လေးအနေနဲ့ အသက်ထင်ရှားရှိနေစဉ်မှာ
မသိကျွမ်းခဲ့ပါဖူး။
မနေ့ က အလုပ်လုပ်စဉ်အတွင်း
ထိခိုက်ဒါဏ်ရာရခဲ့သော
မောင်ငယ်တစ်ယောက်အတွက်
ဆေးရုံသို့  လိုက်ပို့ ပေးရင်း
အိမ်အပြန်မှာ
ပြီးခဲ့သော (27-05-2017) နေ့ က
ဘူဂစ်ပါမိုင်း အရပ်ရှိ ၉လွှာမှ ကျကာ
၇ လွှာမှာ တင်နေသည့်
မြန်မာ အိမ်အကူလေးအတွက်
သတင်းပေးခဲ့သော ညီမငယ်မှ
ည ၇း၀၀ ကျော်ကျော်လေးမှာ
"အစ်မ
မြန်မာ ညီမလေး ခုန်ချပြန်ပြီ တဲ့ . . .
ဘယ်တုန်းကလည်းလို့ မေးတော့
အခုတဲ့လေ"
ကြားလိုက်ရတဲ့ စကားနဲ့တင်
ပိုမောသွားပြီး ရင်တွေ မကောင်း
ဖြစ်လိုက်တာ။
သူရော ကိုယ်ရောပေါ့။
သေဆုံးသူ ညီမငယ်သည်
ညနေ ၅း၃၀ လောက်ကတည်းက
တိုက်ရဲ့ အစွန်းမှာ ထိုင်နေခဲ့တာဖြစ်ပြီး
တစ်ကယ် ခုန်ချ သေဆုံးချိန် က
ည ၇း၀၀လောက်ပါ။
စုစုပေါင်း အချိန် မိနစ် ၉၀ လောက်
ဖြောင်းဖြ ပြောဆိုနိုင်ချိန်
ရခဲ့ပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့သူများ အနေနှင့်
မြန်မာစကားပြောကာ
ပြောဆို ဖြောင်းဖြ နိုင်မယ့် သူကို
ရှာဖွေကာ ကူညီဖို့  အဆင်သင့်ရှိပေမယ့်
ထိုညီမငယ်မှ သူ၏ အခင်မင်ဆုံး
သူငယ်ချင်းဖြစ်သူ အင်ဒိုနီးရှား မလေးနဲ့သာ စကားပြောချင်ကြောင်း
ပြောဆိုခဲ့သည့်အတွက်
ထို ညီမငယ်နှစ်သက်ရာကိုသာ
ပြောဆိုပေးစေခဲ့တာပါ။
မိနစ် ၉၀ အတွင်း အပြန်အလှန်
ပြောဆိုနေကြရင်း အသက်ကယ်သူများ အနေနှင့်
မိမိတို ဘက် ပါလာသယောင် ရှိနေသော အခြေအနေမှာ
နံရံကို ကန်ကာ အရှိန်ယူပြီး
ခုန်ချ သွားခဲ့ခြင်း ဖြစ်ပါသည်တဲ့။
ထို မိနစ် ၉၀ အတွင်း
အသက်ကယ်သူများအနေနှင့်
ပြုတ်ကျလာနိုင်ချေ ရှိသည့်နေရာများကို လေမွှေ့ယာများ
လေဘောလုံးများ ချထားကာ
ကူညီခဲ့ကြပေမယ့်
၂၀၁၅ ခုနှစ်မှာ
"World Building of the Year(2015) Urban Habitat Award" ,
"World Architecture Festival Award" တွေ
ရရှိခဲ့တဲ့ အဆောက်အဦးကြီးရဲ့
အနေအထားကတော့
ခုန်ချဖို့  ပြင်နေတဲ့ ညီမငယ်အတွက်
အသက်ကယ်ခွင့်ရဖို့ ရာ
မစွမ်းသာဖြစ်ခဲ့ရပါတယ်။
အခုအချိန်မှာ
fb တစ်ခွင် ပြန့် နှံ့နေသော
၇ စက္ကန့်  စာရှိသည့်
တုန်လှုပ်ဖွယ်ရာ ရှော့ဗွီဒီယိုလေးရဲ့
လူတစ်ယောက် နောက်ဆုံးအချိန်
နောက်ဆုံး ထိတွေ့ သံကို ရင်နှင့်အမျှ ကြားယောင်ရင်း
တရားမဝင်
အိမ်အကူများ တင်ပို့ ပေးနေသော
အေးဂျင့်များ အနေဖြင့်
တာဝန်ယူ တာဝန်ခံမှု့ ရှိသော
လူမှု့ ပါတ်ဝန်းကျင်တစ်ခု
တည်ဆောက်သင့်ပြီဟု
ထင်မြင်ယူဆမိပါကြောင်း။ ။
Source: စလုံး
comment