1. Home
  2. Myanmar News

ကသာမြို့ အကျဉ်းထောင်ကို ဆန္ဒပြ

Myanmar News มิ.ย. 13, 2560 view 1,404

အကျဉ်းထောင်အချုပ်တွင်သေဆုံးသွားသူတစ်ဦး၏အမှုမှန်ပေါ်ပေါက်ရေးအတွက် ကသာမြို့
အကျဉ်းထောင်ကို တစ်ကိုယ်တော်ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကသာမြို့အကျဉ်းထောင်တာဝန်ရှိသူများကို ကိုနန္ဒဆိုသူက ယနေ့ ( ဇွန်လ ၁၃ )နံနက် ၁၀နာရီ
ခန့်တွင် ကသာမြို့တွင်း လှည့်လည်၍ တစ်ကိုယ်တော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာများဖြင့်
သေဆုံးသူသည် သူငယ်ချင်းဖြစ်သူ မိန်းမခိုးသည်ကို အဖော်လိုက်ပေးခဲ့၍ အားပေးကူညီမှုဖြင့်
ဖမ်းဆီးခံရသူကိုဇွဲမော်ဆိုသူဖြစ် ကြောင်း သိရသည်။

ဇွန်လ ၇ ရက်က ဖမ်းဆီးခံရပြီး ဇွန်လ ၉ရက်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကသာမြို့ခံများ
ကပြောသည်။ ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းရန် ကသာမြို့အကျဉ်းထောင်တာဝန်ရှိသူများအား
ဆက်သွယ်သော်လည်း မရသေးပေ။

ဓာတ်ပုံ - Aye Lwin Facebook
Source; 7Day News

 



Follow us on