လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် Y8 200F လေယာဉ်ပျက်ကျမှုမှ သေဆုံးခဲ့သူများ၏ ကျန်ရစ်သူမိသားစုများအတွက် လှူဒါန်ရန် ရည်ရွယ်ပြီး Facebook တွင် နာမည်ကျော်လူသိများသည့် ပုဂ္ဂိုလ်(၆)ဦးတို့ စုပေါင်းကာ သူတို့၏ Facebook အကောင့် Profile ကို လေလံတင်ထားကာ လူအများစိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိကြသည်။
Profile လေလံတင်ထားကြသူများမှာ −
၁။ မောင်မောင်အေး (Dream Boat) (Presenter, Judge, လက်ရှိ Myanmar’s Got Talent တွင် ဒိုင်အဖြစ်ဆောင်ရွက်နေသူ)
၂။ ဥက္ကာကြည်ဝင်း (ဒေါက်တာ ကာတွန်းဆရာ)
၃။ အရည်ကြို (ကားလောကဆရာတစ်ဆူ)
၎။ ရဲတေဇ (တောကဘကြီး)
၅။ သန့်ဇင်မြင့် (ကိုဝီ)
၆။ ပန်ဆယ်လို (စာရေးဆရာမ)
တို့ဖြစ်ကြပြီး ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ထိ လေလံဆွဲကြရမည်ဖြစ်ပြီး လေလံအောင်သည့် လုပ်ငန်း Logo (အမှတ်တံဆိပ်)ကို တစ်လတိတိ (ဇွန် ၁၉ မှ ဇူလိုင် ၁၉ ထိ) အဆိုပါ ဆယ်လီ ၆ ဦးစလုံး၏ Profile တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
လေလံကြေးကို ကျပ် ၅၀,၀၀၀(ငါးသောင်း) မှ စတင်မည်ဖြစ်ပြီး လေလံပွဲမှရရှိသော ငွေကြေးများကို လေလံအောင်ခဲ့သည့် လုပ်ငန်းရှင်နှင့် အတူတစ်ကွ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။ လတ်ရှိသတင်းရေးနေချိန်တွင် (၁၂)သိန်းကျပ်ဖြင့် အမြင့်ဆုံးလေလံရရှိထားပြီဖြစ်သည်။