1. Home
  2. Good Morning Myanmar

YBSစတင်ထုတ်လုပ်ချိန်ကတည်းက အရည်အသွေးစစ်ဆေးရေး အဖွဲ့ သွားရောက်စစ်ဆေးခဲ့

Good Morning Myanmar มิ.ย. 15, 2560 view 1,395

YBSစနစ်မှာ အသုံးပြုသွားမယ့် ဘတ်စ်ကားအသစ်ထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံမှာ စတင်ထုတ်လုပ်ချိန်ကတည်းက စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးသွားရောက်စစ်ဆေး ခဲ့တယ်လို့ သိရပါ တယ်။YBSယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ ၁၉၉၅ ခုနှစ်မော်ဒယ်အောက် ဘတ်စ်ကားတွေရဲ့ နေရာမှာ အစားထိုးပြေးဆွဲဖို့ တရုတ်နိုင်ငံထုတ် ဘတ်စ်ကားတွေကိုဇွန်လ ၁၀ ရက်က ပြည်သူ့ရင်ပြင်မှာ ရန်ကုန်တိုင်းဒေသကြီးပို့ဆောင်ရေးအာဏာပိုင်အဖွဲ့YRTAအဖွဲ့ကိုလွှဲပြောင်း ပေးအပ်ပြီး ဖြစ်ပါတယ်။ အစိုးရချင်းချိတ်ဆက်ဝယ်ယူခဲ့တဲ့ တရုတ်နိုင်ငံကယုတောင်းနှင့် အန်ကိုင်းကုမ်္ပဏီထုတ် ဘတ်စ်ကားတွေကို အရည်အသွေးစစ်ဆေးနိုင်ဖို့အတွက် အင်ဂျင်နီယာကောင်စီ ဥက်္ကဋ္ဌ ဦးဆောင်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစတင်ထုတ်လုပ်တဲ့ အချိန်ကတည်းက သွားရောက် စစ်ဆေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် ဘတ်စ်ကားထုတ်လုပ်တင်သွင်းတဲ့ ကုမ္ပဏီတွေကနေ ကီလိုမီတာ တစ်သိန်း ငါးသောင်း ဒါမှမဟုတ် နှစ်နှစ်အတွင်းအာမခံဝန်ဆောင်မှုပေးထားပြီး နောက်ဆက်တွဲ ၀န်ဆောင်မှု တွေအနေနဲ့ ဘတ်စကားတွေကို ပြင်ဆင်နိုင်မယ့်နေရာနှင့် အပိုပစ္စည်းတွေကိုဝန်ဆောင်မှု ပေးမယ်လို့ ၀ယ်ယူစဉ်က စာချုပ်မှာတည့်သွင်းစာချုပ် ချုပ်ဆိုခဲ့တယ်လYRTAရဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ အခုလွှဲပြောင်းယူခဲ့တဲ့ ဘတ်စကားကုမ်္ပဏီတစ်ခုဖြစ်တဲ့ ယုထောင်းကုမ်္ပဏီက တာဝန်ရှိသူ ကတော့ ရန်ကုန်မြို့ အနီး အမှတ် ၃ လမ်းမကြီးဘေးမှာ သူတို့ကုမ္ပဏီဟာနောက်ဆက်တွဲ ၀န်ဆောင်မှုတွေ ပေးဖို့ အရန်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။



Follow us on