1. Home
  2. Good Morning Myanmar

ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ(၉)ဦး အထိရှိလာ

Good Morning Myanmar มิ.ย. 15, 2560 view 1,436

ရန်ကုန်တိုင်းဒေသကြီးမှာသွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူဦးရေ (၉)ဦးအထိ ရှိလာပြီဖြစ်တယ်လို့  ဇွန်လ(၉)ရက်က ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ၂၀၁၇ ခုနှစ်ဇန်န၀ါရီလ (၁)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ သေဆုံးသူဦးရေ(၉)ယောက်ရှိနေပြီး အသက်(၅)နှစ်မှ (၉)နှစ်အတွင်းသေဆုံးသူအများဆုံးဖြစ်တယ်လို့သိရပါတယ်။

အသက်(၉)နှစ်နှင့်အထက်ကိုသာ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဆေးထိုးပေးနိုင်ပြီး အသက်(၉)နှစ်အောက်ကလေးတွေ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေဖို့အတွက် ခြင်းကျားပိုးလောက်လန်း မပေါက်ဖွားအောင် ကာကွယ်ခြင်းနဲ့ ပတ်ဝန်းကျင်သန့် ရှင်းရေးလုပ်ငန်းများကိုလုပ်ဆောင်ပြီး သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပွားနေတာဖြစ်ပြီး ပတ်ဝန်းကျင်မှာ သန့်ရှင်းမှုမရှိခြင်း၊ စွန့်ပစ်ပစ်္စည်းတွေစွန့်ပစ်မှုများပြားလာခြင်းတွေကြောင့် ခြင်ပေါက်ဖွားမှုနှုန်းများလာတာဖြစ်ပြီး ရောဂါဖြစ်ပွားမှုနှုန်းလည်းများပြားတာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းဟာ ရန်ကုန်တိုင်းဒေသကြီးမှာ (၂၀၁၇)ခုနှစ်ဇန်န၀ါရီလမှ ဇွန်လ(၆)ရက်နေ့အထိ လူဦးရေ(၁၅၀၀)ကျော်ဖြစ်ပွားခဲ့ပြီး(၉)ဦးသေဆုံးခဲ့ တယ်လို ပြည့်သူ့ကျန်းမာရေးဦးစီးဌာမှ ထုတ်ပြန်ချက်အရ သိရပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါကြောင့်သေဆုံးခဲ့သူတွေဟာ ဒလမြို့နယ်၊ လှည်းကူးမြို့နယ်၊ တောင်ဒဂြုံမို့နယ်၊ သာကေတမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်၊ ခရမ်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့မှ တစ်မြို့နယ်ကို ကလေးတစ်ဦးစီသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



Follow us on