1. Home
  2. Myanmar News

မြန်မာအိမ်အကူ မဇင်မာဦး ခုန်ချသတ်သေခဲ့မှုကို စင်ကာပူရဲက စတင်စစ်ဆေးနေ

Myanmar News มิ.ย. 15, 2560 view 1,533

စင်ကာပူနိုင်ငံတွင် မြန် မာအိမ်အကူအမျိုးသမီးတစ်ဦး ကွန်ဒိုတိုက်ခန်းပေါ်မှ ခုန်ချသေ ဆုံးသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး အိမ်ရှင်အပါအဝင် စေလွှတ်သည့်အေဂျင်စီကိုပါ စင်ကာပူရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ပထမအတွင်းဝန် မဆန်းစန္ဒာဝင်းက ပြောကြားသည်။


‘ဖြစ်စဉ်ကိုတော့ သေချာ မသိသေးပါဘူး။ ရဲကလည်း စုံစမ်းနေဆဲပဲရှိပါသေးတယ်။ သူ့ အမေကလည်း ဆုံးသွားတာ ကြာပြီပေါ့။ ရဲပြောတဲ့ အနေအထား အရဆို စိတ်ဖိစီးမှုတွေ ရှိနေ တယ်ပေါ့။ ဘာကြောင့် ခုန်ချသွား တယ်ဆိုတာတော့ မသိရသေးပါဘူး။ ရဲကလည်း စုံစမ်းနေပါ တယ်။ ဘာကြောင့်ဖြစ်တယ်ဆို တာ မသိသေးတော့ ရဲက အိမ်ရှင် တို့၊ အေဂျင်စီတို့ကို စုံစမ်းစစ် ဆေးနေတယ်ပေါ့နော်။ အဲဒီက နေတစ်ဆင့် လုပ်သွားမယ်ထင် တယ်’’ ဟု ဒေါ်ဆန်းစန္ဒာဝင်းက 7 Day Daily သတင်းစာအား ပြောသည်။


မဇင်မာဦးကို သင်္ဂြိုဟ်ရန် ၎င်း၏မိသားစုဝင်များကို စင်ကာပူနိုင်ငံသို့ ခေါ်ဆောင်ရန် မြန်မာသံရုံးက စီစဉ်ထားကြောင်း၎င်းက ဆက်လက်ပြောသည်။

‘‘သံရုံးအနေနဲ့ကတော့ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ဆက်သွယ်နေပါတယ်။ အဆက် အသွယ်လည်း ရပြီဖြစ်ပါတယ်။ မိသားစုဝင်တွေရဲ့ စိတ်ဆန္ဒကို မေးနေတယ်ပေါ့နော်။ သေဆုံးသူ ရဲ့အလောင်းကို ပြန်သယ်ချင်လား၊ ဒီမှာပဲ သင်္ဂြိုဟ်ချင်တာလားဆိုတာ မေးတော့ မိသားစု ဝင်တွေက ဒီမှာသင်္ဂြိုဟ်ဖို့ ဆုံးဖြတ်ထားတော့ သံရုံးကနေပြီး သူ တို့လာနိုင်ဖို့အတွက် လုပ်နေတယ်ပေါ့နော်’’ ဟု ဒေါ်ဆန်းစန္ဒာ ဝင်းက ပြောသည်။
လက်ရှိတွင် မဇင်မာဦး၏  အိမ်ရှင်ဖြစ်သော စင်ကာပူနိုင်ငံသား အိန္ဒိယလူမျိုးကို စတင်စစ် ဆေးနေကြောင်း သိရသည်။


အသက် (၂၀)အရွယ် မြန်မာအိမ်အကူအမျိုးသမီး မဇင်မာဦးသည် ၁၈ လွှာအမြင့်ရှိ စင်ကာပူနိုင်ငံ Interlace Condo တိုက် ခန်းပေါ်မှ ဇွန်လ ၁၂ ရက် ညနေတွင် ခုန်ချသေဆုံးခဲ့ခြင်းဖြစ် သည်။
မဇင်မာဦးသည် စင်ကာပူ နိုင်ငံသား အိန္ဒိယလူမျိုးအိမ်ရှင်ထံ တွင် အိမ်ဖော်အဖြစ် အလုပ်လုပ် နေသည်မှာ ရှစ်လကျော်သာရှိ သေးကြောင်း၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့ဇာတိဖြစ်ကြောင်း ဒေါ်ဆန်းစန္ဒာဝင်းက ပြောသည်။ နံနက်စာကို ၉ နာရီခွဲတွင် စားရလေ့ရှိပြီး တစ်ခါတစ်ရံ ၁၀ နာရီ၊ ၁၁ နာရီတွင် စားရလေ့ရှိ ကြောင်း သေဆုံးသူ မဇင်မာဦး က ၎င်း၏ သူငယ်ချင်းအင်ဒိုနီးရှား နိုင်ငံသူကို အကူအညီတောင်းခံ စာတွင် ရေးသားထားသည်။ ထို့ အပြင် နေ့လယ်စာကို ၂ နာရီ၊ ၃ နာရီ၊ တစ်ခါတစ်ရံ ၅ နာရီမှ စားရလေ့ရှိပြီး ညစာကို အမြဲ တမ်းလိုလို ၉ နာရီခွဲလောက်မှ စားရကြောင်း ရေးသားထားသည်။


‘‘ညီမလေးကို ကူညီပါ။ ညီမရဲ့ အေဂျင့်ဖုန်း ၉၅၀၅၁၁၄၉’’ ဟု ရေးသား၍ အကူအညီတောင်း ခံထားသည်ဟု ဆိုသည်။


၂၀၁၆ အောက်တိုဘာက စင်ကာပူနိုင်ငံတွင် အိမ်ရှင်များ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် နှိပ်စက်ခံနေရသော မြန်မာအိမ် အကူလုပ်သား ၃၀ ကျော်သည် စင်ကာပူအခြေစိုက် ရွှေ့ပြောင်း နေထိုင်မှု စီးပွားရေးဆိုင်ရာ လူ သားချင်းစာနာထောက်ထားရေး အဖွဲ့(HOME) သို့ ထွက်ပြေးလာ ခဲ့ကြောင်း သတင်းရရှိသည်။
 စင်ကာပူနိုင်ငံတွင် လက်ရှိ ခန့်မှန်းတွက်ချက်မှုစာရင်းများအ ရ နိုင်ငံခြားသားအိမ်အကူလုပ် သားနှစ်သိန်းကျော်ရှိသည့်အနက် အင်ဒိုနီးရှားလုပ်သား တစ်သိန်း ကျော်၊ ဖိလစ်ပိုင်လုပ်သား ခုနစ် သောင်းကျော်နှင့် မြန်မာလုပ်သား လေးသောင်းကျော်ရှိသည်ဟု ဆိုသည်။ အိမ်အကူ လုပ်သားများပို့ဆောင်ရာတွင် ဝေဖန်မှုများရှိ သောကြောင့် ၂၀၁၄ ကစ၍ပြည်ပသို့ အိမ်အကူလုပ်သားစေလွှတ်မှုကို ရာသက်ပန်ရပ်ဆိုင်းခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာထားသည်။

7DayDaily

 



Follow us on