1. Home
  2. Special or Others

ကလေးပင်ဖြစ်သော်လည့် စိတ်ထားမြင့်မြတ်သူ

Special or Others มิ.ย. 15, 2560 view 1,751

၅နှစ်အရွယ် ပန်းချီဆရာမလေးက သူ့ပန်းချီကားတွေရောင်းချရခဲ့သမျှကို ပရဟိတအသင်းအဖွဲ့တွေကို လှူဒါန်းခဲ့တဲ့သတင်းလေးတင်ဆက်ပေးလိုက်ပါတယ်။

သြစတြေးလျှက အသက် ၅နှစ် အရွယ် Cassie ဆိုတဲ့ ကောင်မလေးဟာ သူ့ပန်းချီကားတွေရောင်းချရာမှ ရခဲ့တဲ့ ၇၅၀ဒေါ်လာ ကို ပရဟိတ အသင်းအဖွဲ့တွေကို လှူဒါန်းလိုက်ပါတယ်။ ပန်းချီဆွဲရတာ အကြိုက်အနှစ်သက်ဆုံးနဲ့ အလွတ်လပ်ဆုံးဖြစ်ပြီး acrylic paint, resin နဲ့ glitter စတာတွေကိုပေါင်းစပ်ရေးဆွဲလေ့ရှိတယ်လို့ Cassie ကဆိုပါတယ်။ များသောအားဖြင့် သူရေးဆွဲဖြစ်တာကတော့ Galaxie ပုံရိပ်တွေဖြစ်ပါတယ်။

လက်ရှိမှာတော့ သြစတြေးလျသာမက ကမ္ဘာတစ်လွှားအထိ သူ့ပန်းချီကားတွေရောက်ရှိလို့နေပါပြီး။Cassie က ၃နှစ် အရွယ်တည်းက ပန်းချီစတင်ဆွဲခဲ့သူဖြစ်ပြီးပန်းချီကိုဆက်ဆွဲခြင်းဖြင့် လှူဒါန်းမှုတွေဆက်လုပ်နေဦးမယ်လို့ ပြောကြားထားပါတယ်။



Follow us on