1. Home
  2. Myanmar News

ထားဝယ်မြို့တွင် ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင် မီးလောင်မှု ဖြစ်ပွား

Myanmar News มิ.ย. 15, 2560 view 1,464

ထားဝယ်မြို့ ကနိုင်းဒါကျေးရွာတွင် မီးလောင်မှုတစ်ခု ယနေ့(ဇွန်လ ၁၅) နံနက်က ဖြစ်ပွားခဲ့ပြီး  ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင် မီးလောင်ဆုံးရှုံးသွားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ကနိုင်းဒါကျေးရွာ ယွန်းဘုန်းကြီးကျောင်းတွင် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ခြင်းဖြစ်ပြီး လေခန်းတွဲ ပင်မကျောင်းဆောင်နှင့် ဘေးချင်းကပ်လျှက် အဆောင် တစ်ခု မီးလောင် ဆုံးရှုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောသည်။

" ဆရာတော်တွေက အလှူကိစ္စ တစ်ခုနဲ့ အပြင်သွားနေတုန်း ဝါယာရှော့ခ်ဖြစ်ပြီး လောင်တာ။ လူထိခိုက်မှုတော့ မရှိခဲ့ဘူး။ ပင်မအဆောင်အပြင် ဘေးဆောင်ကိုပါ မီးကူးသွားတာ။ မီးငြိမ်းပြီးလို့ အခု အားလုံးဝိုင်းပြီး သန့်ရှင်းရေးလုပ်နေတယ်" ဟု မီးလောင်ရာ နေရာသို့ ရောက်ရှိနေသော အထက်ပါရဲမှူးကြီးက ပြောသည်။

ယွန်းဘုန်းကြီးကျောင်း မီးလောင်ကျွမ်းကြောင်းကို နံနက် ၆ နာရီ၁၀ မိနစ်တွင် သတင်းရပြီးနောက် မီးသတ်ကားနှင့် ကယ်ဆယ်ရေး အဖွဲ့များက ဆယ်မိနစ်အတွင်း သွားရောက် ငြိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းအား များ၍ အဆောင် နှစ်ဆောင် မီးထဲပါသွားခဲ့ကြောင်း ထားဝယ်မြို့ ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းမှ သတင်း
ရရှိသည်။

Source: Than Htay FB

 



Follow us on