1. Home
  2. Special or Others

တယ်ရီယာ အကောင် ၁၇၀ ကို ညှင်းပမ်းမှုနဲ့ တရားစွဲခံရတဲ့လင်မယား

Special or Others มิ.ย. 15, 2560 view 1,754

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင် တယ်ရီယာခွေး အကောင်ပေါင်း ၁၇၀ အား စနစ်တစ်ကျ ထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်ခဲ့မှုနှင့် အသက်(၇၀)ဝန်းကျင် အဖိုးကြီးအဖွားကြီး လင်မယားကို တရားစွဲဆိုခဲ့ပါတယ်။


Mark Vattimo (၇၂ နှစ်) နှင့် ဇနီးဖြစ်သူ Chrisyine Calvert (၆၂ နှစ်) တို့ နေထိုင်သည့် အိမ်တွင် ချစ်စရာတယ်ရီယာခွေးလေးများ အရွယ်စုံ အကောင် ၁၇၀ မွေးထားပြီး ကောင်းမွန်စွာ မထိန်းသိမ်းနိုင်သဖြင့် တိရိစ္ဆာန်များနေထိုင်ရန် မသင့်တော်သည့် အနံ့ဆိုးများ ရှိနေခြင်း၊ ခွေး အကောင် ၉၀ ကျော်အား မှောင်နေသောအခန်းအတွင်း ပိတ်လှောင်ထားခြင်းတို့ကြောင့် တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို ဖောက်ဖျက်မှုနှင့် တရားစွဲခံရခြင်းဖြစ်သည်။


ခွေးများကို တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာမှ ခေါ်ယူသွားခဲ့ပြီး မွေးမြူလိုသူများအား ပြန်လည် မွေးစားခွင့်ပေးရန် စီစဉ်လျှက်ရှိသည်။ Vattimo နှင့် Calvert တို့လင်မယားက အပြစ်ရှိကြောင်းဝန်ခံခဲ့သဖြင့် ၃ နှစ်ခြေချုပ်နှင့် နေရမည်ဖြစ်ပြီး ၁၀ နှစ်အတွင်း မည်သည့်တိရိစ္ဆာန်မျှ မွေးမြူခွင့်မရတော့ပေ။ ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုကို လိုက်နာလက်ခံပါမည်ဟူသော ကတိခံဝန်ချက်ကြောင့် ထောင်ဒဏ်မှ ကင်းလွတ်ခဲ့ရသည်။



Follow us on