1. Home
  2. Myanmar News

မြို့နယ်ကျန်းမာရေးဌာနမှုးကို သွားရောက်တိုင်တန်းခြင်းနှင့် ကလေးမိခင်များရဲ့ရင်ဖွင့်ခြင်း ရုပ်သံ

Myanmar News มิ.ย. 15, 2560 view 1,393

မြို့နယ်ကျန်းမာရေးဌာနမှုးကို သွားရောက်တိုင်တန်းခြင်းနှင့် ကလေးမိခင်များရဲ့ရင်ဖွင့်သံ ထွက်ပေါ်လာပါတယ်။ အဆိုပါရင်ဖွင့်သံက စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာမှ ကျေးလက်ကျန်းမာရေးဌာနခွဲမှဆရာမဒေါ်သင်းသင်အောင်ရဲ့ ကျေးရွာနေ ပြည်သူလူထုအပေါ် ငွေမရှိလျှင် မရှိသလို ပြောဆိုဆက်ဆံမှုအပေါ် သည်းမခံနိုင်သောရွာသူရွာသားများမှ ဒီဆရာမတာဝန်ကရပ်စဲပေးဖို့ ဒုတိယမြောက်နေ့ မြို့နယ်ကျန်းမာရေးဌာနမှုးကို သွားရောက်တိုင်တန်းခြင်းနှင့် ကလေးမိခင်များရဲ့ရင်ဖွင့်သံပါ။

လက်တလောမှာတော့“စစ်ကိုင်းတိုင်းဒေသကြီးဒီပဲယင်းမြို့နယ်ဆပ်ပြာကျင်းကျေးရွာမှာကျေးလက်ကျန်းမာရေးဌာနမှဆရာမမသင်းသင်းအောင်သည်ကျေးလက်နေပြည်သူများအာကျန်းမာရေးစောင့်ရှောက်မှုမပေးပဲမနာမကျန်းဖြစ်သူများရှိလျှင်ငွေရှိမှဆေးထိုးပေးပြီးဆေးဖိုးကိုလဲမတန်တဆတောင်းရမ်းနေခြင်းများအတွက်ကျေးရွာနေပြည်သူများမှမကျေနပ်၍ယင်းကျေးလက်ကျန်းမာရေးဆရာမနှင့်သူ၏ခင်ပွန်းအားဆပ်ပြာကျင်းကျေးရွာတွင်ဆက်လက်မရှိစေချင်တော့သဖြင့်ကျေးရွာနေပြည်သူများမှညီညွတ်စွာသွားရောက်တိုင်တန်းနေကြောင်း” ဆိုပြီးလူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။

 

Source: Han Lu



Follow us on