1. Home
  2. Myanmar News

ရန်ကုန်-ဒလ တံတားတည်ဆောက်ရန် မြေတူးစမ်းသမ်မှုများစတင်

Myanmar News มิ.ย. 16, 2560 view 1,558

ရန်ကုန်မြို့ ဘုန်းကြီးလမ်း နှင့် ဒလမြို့၊ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ် တည်ဆောက်မည့် ဒလ တံတား တည်ဆောက်နိုင်ရေး အတွက် စက် ယန္တယားများဖြင့်မြေတူး စမ်းသပ်ခြင်းများ လုပ်ဆောင်နေသည် ကို တွေ့ရသည်။ ကိုရီးယား – မြန်မာ ချစ်ကြည်ရေး ဒလ တံတားအဖြစ် တည်ဆောက်ခြင်း ဖြစ်ပြီး အဆိုပါ မြေတူး စမ်းသပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း နှင့်ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်း တို့တွင် ဇွန်လ ၁၁ နေ့က ဆောင် ရွက်ခြင်းဖြစ်ကြောင်း ယင်း အလုပ်သမား များထံမှ သိရသည်။ လက်ရှိမှာ မြေတူး စမ်းသပ်ခြင်းကို မိတာ ၇၀ အနက်အထိ ရွှံနွံတူးဖော်နေရကြောင်း ယင်း အလုပ်သမားများက ပြောပြသည်။


အဆိုပါ ဒလတံတား တည်ဆောက်ရေး အသေးစိတ် ဒီဇိုင်းအတွက် ကိုရီးယား သမ္မတနိုင်ငံ Soosoog Co.Ltd ခေါင်းဆောင်သော J.V အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး စီမံကိန်း လုပ်ငန်းများ စတင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဒလတံတား တည်ဆောက်ရာတွင် ဒလမြို့နယ် အတွက် ရေချိုပိုက်လိုင်းများပါ တစ်ပါတည်း ထည့်သွင်း တည်ဆောက်မည် ဖြစ်ပြီး တံတား ပြီးစီး သွားပါက ဒေသတွင်း ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ၊ အခြေခံလူမှု အဆောက်အအုံ များ ပိုမို ဖွံ့ဖြိုး လာနိုင်ပြီး ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း ဒေသများပါ ယခင်ထက် ကုန်စည် ကူးသန်း သွားလာရေး လွယ်ကူ လာမည် ဖြစ်ပြီး ဒေသခံ ပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ကြောင်း သိရသည်။

 

Popular

 



Follow us on