1. Home
  2. Movie Stars - Celebrity

သီချင်းမထွက်ခင်နိုင်ငံခြား အဆိုတော် Flow နဲ့ တူနေတယ်လို့ ဝေဖန်ခံနေရတဲ့ လွှမ်းပိုင်သီချင်းရုပ်သံ

Movie Stars - Celebrity มิ.ย. 16, 2560 view 1,570

(ရုပ်သံဖိုင်ကို အောက်ဆုံးတွင်ကြည့်နိုင်သည်။)

တေးရေး၊တေးဆို၊သရုပ်ဆောင် လွှမ်းပိုင်ရဲ့ သီချင်းတစ်ပုဒ်က နိုင်ငံခြားအဆိုတော် Aithen Cardith (The Jokerr) သီချင်းတစ်ပုဒ်နဲ့ သံစဉ်တူတယ်ဆိုပြီး လူမှုကွန်ရက်မှာ ဝေဖန်သံတွေပြင်းပြင်းထန်ထန်ထွက်ပေါ်နေပါတယ်။

အဆိုပါသံစဉ်တူ သီချင်းနှစ်ပုဒ် ရုပ်သံဖိုင်ကို Nanda Yeyint အကောင့်က စတင် တင်ခဲ့ပြီးနောက်ပိုင်း Like / Comment / Share အရေအတွက် များဖြင့် ဝေဖန်နေကြသလို နောက်ဆုံးမှာတော့ နိုင်ငံခြားအဆိုတော် Aithen Cardith (The Jokerr)ကိုယ်တိုင် သူ့ဖေ့စ်ဘွတ်မှာတင်ထားတာပါ။ အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး Aithen Cardith (The Jokerr)ကိုယ်တိုင်က "My music is blowing up in Myanmar right now. I love the internet. Shout out to my Myanmar homies!" လို့ဖေ့စ်ဘွတ်အကောင့်မှာရေးထားပါတယ်။

 

၂၄.၆.၂၀၁၇ စနေနေ့ ထွက်မဲ့"ဂီတဗေဒ" Album အတွက် လွှမ်းပိုင်က အခွေလက်မှတ်ထိုး Promotion ပွဲကိုလာမည့် ၂၄.၆.၂၀၁၇ စနေနေ့ ညနေ ၃:၀၀(တိတိ)တွင် Junction Square Indoor Area တွင်ကျင်းပသွားမယ်လို့ သိရပါတယ်။



Follow us on