
ထူးထူးခြားခြား ဓာတ်ကြိုး ခိုးရတယ်တဲ့။ဘယ်လောက်တောင် အခြေအနေဆိုးနေပါလိမ့်၊အခန့်မသင့်ရင် ဓာတ်လိုက် သေဆုံးရင်တော့မလွယ်ဟ၊ဖြစ်တာကတော့ မကွေးတိုင်းဒေသကြီးမှာပါ။ကျန်ပြည်နယ်နဲ့တိုင်းတွေမှာရော...?

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကံလှကျေးရွာအနောက်ဘက်လမ်းဘေးမှာ ကံလှကျေးရွာကို သွယ်တန်းထားတဲ့
လျှပ်စစ်ဓါတ်တိုင်တွေက ဓါတ်ကြိုးပေတထောင်ခန့်ဖြတ်တောက် ခိုးယူခံလိုက်ရတယ်လို့ ဒေသခံ ဦးတင်မောင်ဝင်းက MUNA ကို ပြောပါတယ်။ဒီနေ့(ဇွန် ၁၅ရက်) မနက် ၂း၀၀ အချိန်ခန့်က ကံလှကျေးရွာမှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ဓါတ်ကြိုးတွေ ဖြတ်တောက်ခိုးယူခံလိုက်ရတာကို မနက်လင်းချိန်မှ သိခဲ့ရတယ်လို့ဆိုပါတယ်။

ဓါတ်ကြိုးပေတထောင်ခန့် ခိုးယူခံရတာနဲ့ပတ်သက်ပြီးပခုက္ကူမြို့မရဲစခန်းကို အသိပေးအကြောင်းကြားထားပြီး
ကံလှကျေးရွာမှာ လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။အလားတူ ပခုက္ကူမြို့နယ်အတွင်းက အခြားနေရာတွေမှာလဲ ဓါတ်ကြိုးဖြတ်တောက် ခိုးယူမှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
Source: ZNO(မူကြို)
comment