1. Home
  2. Good Morning Myanmar

တောင်သူလယ်သမားတွေရဲ့အကျိုးစီးပွားအတွက်အာမခံချက်ရှိစေမယ့် သီးနှံအာမခံလုပ်ငန်းကို ဆောလျင်စွာအကောင်အထည်ဖော်

Good Morning Myanmar มิ.ย. 16, 2560 view 1,422

နိုင်ငံတစ်ဝန်းသဘာဝဘေးအန်္တရာယ်နှင့် အင်းဆက်ပိုးမွှားများကြောင့် နစ်နာဆုံးရှုံးနေကြတဲ့ တောင်သူ လယ်သမားတွေရဲ့အကျိုးစီးပွားအတွက်အာမခံချက်ရှိစေမဲ့ သီးနှံအာမခံလုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ပေးဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။ဒီအဆိုကို လယ်ဝေးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ဇွန်လ(၁၂)ရက်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ တင်းသွင်းခဲ့တယ်လို့သိရပါတယ်။

အဆိုရှင်က တောင်သူလယ်သမားများအနေနဲ့ နှစ်စဉ်လိုလိုကြုံတွေ့နေရတဲ့ ရေကြီးရေလျှံတာ တွေ၊ မိုးသည်းထန်းစွာရွာသွန်းတာတွေ ၊မိုးခေါင်ရေရှားတာတွေ၊ မိုးသီးကြွေကျတာတွေနဲ့ အပူချိန်ပြင်းတာတွေအအပါအ၀င် စတဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့် လယ်ယာသီးနှံစိုက်ပျိုးရေး တွေမှာ နှစ်စဉ်နီးပါးပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် သီးနှံဖျက် ပိုးမွှားအင်းဆက်တွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုလည်း တောင်သူလယ် သမားတွေအနေနဲ့ ကြုံတွေ့နေရပြီး တိုင်းပြည်အတွက်ဆုံးရှုံးနစ်နာစေတယ်လို့ပြောပါတယ်။

ဒါ့ကြောင့် တောင်သူလယ် သမားတွေရဲ့ နစ်နာမှုတွေကို ကာကွယ် ပေးတဲ့အနေနဲ့ အစိုးရနဲ့ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်ကာ သီးနှံအာမခံလုပ်ငန်းကို အကောင်အထည် ဖော်ပေးသင့် တယ်လို့တိုက်တွန်းခဲ့ပါတယ်။ တောင်သူလယ်သမားတွေအတွက်သီးနှံအာမခံထားခြင်းကြောင့် သီးနှံပျက်စီးဆုံရှုံးမှုတွေအတွက် ကြိုတင်ကာကွယ်ရာရောက်ပြီး အထောက်အပံ့ရရှိစေမှာဖြစ်ကာ (၂၀၁၃)ခုနှစ်ကကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာလဲ တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို အတည်ပြုပြဌာန်းထားတယ်လို့သိရပါတယ်။



Follow us on