1. Home
  2. Myanmar News

YBS ဘတ်စ်ကားအသစ်များတွင် သီးသန့်ထိုင်ခုံနေရာများ သတ်မှတ်ပါရှိ

Myanmar News มิ.ย. 19, 2560 view 1,759

ရန်ကုန်မြို့တွင်းပြေးဆွဲရန်အတွက် အသစ်ထပ်မံတင်သွင်းလာသော YBS ဘတ်စ်ကားအသစ်များတွင် သက်ကြီးရွယ်အို၊ မသန်မစွမ်း၊ ကိုယ်ဝန်ဆောင်နှင့် သံဃာတော်များအတွက် သီသန့်ထိုင်ခုံနေရာသတ်မှတ်ချက် ထည့်သွင်းထားကြောင်း သိရှိရသည်။

YBS ဘတ်စ်ကား၏ အရှေ့ဘယ်ဘက်ခြမ်းတွင် တပ်ဆင်ထားသော လိမ္မော်ရောင် ထိုင်ခုံများမှာ (သက်ကြီးရွယ်အို၊ မသန်မစွမ်း၊ ကိုယ်ဝန်ဆောင်နှင့် သံဃာတော်များ) အတွက် နေရာသီးသန့်သတ်မှတ်ပေးထားခြင်းဖြစ်ပါတယ်။ အဆိုပါခုံများတွင် ထိုင်စီးနေသော ခရီးသည်များအနေနှင့် သတ်မှတ်ထားသော ပုဂ္ဂိုလ်များ ကားပေါ်တက်လာပါက ခုံကို အလိုက်တသိဖြင့် နေရာပေးရန် လိုအပ်ပါသည်။


သတ်မှတ်ထားသော လိမ္မော်ရောင်ခုံများတွင်လည်း ပုံများစာများနှင့် ဖော်ပြထားသည်။ သံဃာတော် အတွက်သာ ရည်ရွယ်ခြင်းမဟုတ်ပဲ ဖော်ပြပါပုဂ္ဂိုလ်များအား ဦးစားပေးရန်လိုအပ်ကြောင်း သိရှိရသည်။

Source:YBS
 



Follow us on