1. Home
  2. Myanmar News

ဖခင်က သမီးအရင်းဖြစ်သူအား အရက်မူးကာ သားမယားပြုကျင့်

Myanmar News มิ.ย. 19, 2560 view 1,573

တနင်္သာရီတိုင်း မြိတ်မြို့တွင် ဖခင်ဖြစ်သူက အရက်မူးပြီး သမီးဖြစ်သူအား နင်းနှိပ်ခိုင်းရာမှ သားမယားပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေလအတွင်းက တစ်ရက်တွင် မိခင်မရှိခိုက် ဖခင်ဖြစ်သူ အရက်မူး၍ အိမ်ပြန်ရောက်လာကာ သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူကို နင်းနှိပ်ခိုင်းရာမှ (၃)ကြိမ်တိုင်တိုင် သားမယားအဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ယခု ဇွန်လပိုင်းတွင် သမီးဖြစ်သူ မကြာခဏနေမကောင်းသလို ဖြစ်နေတာကြောင့် မိခင်ဖြစ်သူမှ မေးမြန်းခဲ့ရာ အဖြစ်မှန်ပေါ်ပေါက်ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့က မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။


သမီးအရင်းအား သားမယားပြုကျင့်ခဲ့သူ ဦးသောင်းရွှေသည် ကမ်းဝေးငါးဖမ်း ရေလုပ်သားတစ်ဦးဖြစ်သည့်အတွက် စက်လှေပေါ်တွင် သွားရောက်ရှာဖွေဖမ်းဆီးကာ (ပ) ၁၂၅၆/ ၂၀၁၇၊ ရာဇာသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်လှစ် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

Source:DVB

 



Follow us on