1. Home
  2. Good Morning Myanmar

တူရကီအတိုက်အခံလွှတ်တော်အမတ် ထောင်ဒဏ်(၂၅)နှစ်ချမှတ်ခံရ

Good Morning Myanmar มิ.ย. 19, 2560 view 1,397

တူရကီတရားရုံးတစ်ရုံးဟာ သတင်းသမားဟောင်းတစ်ဦးဖြစ်သလို ထင်ရှားတဲ့ လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်တဲ့ “အန်နစ် ဘာဂလိုဂူ”ကို နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ဖွင့်ချမှုနဲ့ ထောင်ဒဏ်(၂၅)နှစ် ချမှတ်လိုက်ပါတယ်။ “အန်နစ် ဘာဂလိုဂူ”ဟာ တူရကီထောက်လှမ်းရေး အဖွဲ့တွေက ဆီးရီးယားနိုင်ငံထဲကို လက်နက်တွေသယ်နေတာကို ပြသနေတဲ့ဗီဒီယိုတစ်ခုကို ကမ်ခါရက် သတင်းစာတိုက်ကို ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံရတာဖြစ်ပါတယ်။

ဘာဂလိုဂူရဲ့ ရီပတ်ပလင်ကန် ပြည်သူ့ပါတီ (CHP)ကတော့ တရားရုံးဆုံးဖြတ်ချက်ဟာ အတိုက်အခံတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားတာလို့ပြောဆိုနေပါတယ်။ အစ္စတန်ဘူလ်မြို့က တရားရုံးမှာ ပြုလုပ်တဲ့ ကြားနာမှုကို ကမ်ခါရက်သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ်နဲ့ အန်ကာရာမြို့ဗျူရို အကြီး အကဲတို့ လည်း တက်ရောက်ခဲ့ပါတယ်။ အယ်ဒီတာချုပ်နဲ့ ဗျူရိုအကြီးအကဲတို့ဟာ လက်နက်တွေ သယ်နေတဲ့ဗီဒီယိုကို ၂၀၁၅ ခုနှစ်၊ မေလမှာ ဖြန့်ချိခဲ့တာဟာ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြား စေတာဖြစ်တယ်ဆိုပြီး သူတို့ကို ထောင်ဒဏ်(၅)နှစ်စီကျခံဖို့ တရားရုံးက မနှစ်တုန်းက ဆုံးဖြတ်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာပါတဲ့ ထရပ်ကားတွေဟာ တူရကီထောက် လှမ်းရေးအဖွဲ့က ပိုင်ဆိုင်တာတွေလို့ အစိုးရဘက်က တည်ပြုထားပေမဲ့ ထရပ်ကားတွေဟာ အစ္စလာမ္မစ်အစွန်းရောက်တွေကိုပေးမယ့် လက်နက်တွေတင်ထားတာ မဟုတ်ဘဲ ဆီးရီးယားနိုင်ငံထဲက တူရကီလူမျိုးတွေကို ပေးမယ့် ထောက်ပံ့ရေးပစ္စည်းတွေတင်ထားတာလို့ပြောပါတယ်။



Follow us on