1. Home
  2. Special or Others

အုန်းသီးတက်ခူးရာမှ ကြိုးဆွဲချသေသလိုဖြစ်ပွား

Special or Others มิ.ย. 19, 2560 view 1,578

အင်ဒိုနီးရှားနိုင်ငံရှိ ကိုဘားမြို့တွင် အမျိုးသားတစ်ဦး အုန်းပင်ပေါ်တက်ကာ အုန်းသီးတင်ခူးရာမှ ရုတ်တရက် ပြုတ်ကျကာ ယူဆောင်သွားသော ကြိုးနှင့်လည်ပင်းချိပ်ပြီး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသလိုဖြစ်ခဲ့ရသည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။


အုန်းပင်ပေါ်မှ လည်ပင်းကြိုးကွင်းစွပ်လျှက် ပြုတ်ကျလာသော အမျိုးသားတစ်ဦးကို ဝိုင်းဝန်းကြည့်ရှုကာ ဘာလုပ်ရမှန်းမသိဖြစ်နေစဉ် အမျိုးသားမှာ ဆန့်ငင် ဆန့်ငင်နဲ့ ရုန်းကန်နေသည်ကို ခြောက်ခြားဖွယ်တွေ့မြင်ခဲ့ရသည်။

နောက်ထက်လူတစ်ဦးက အုန်းပင်ပေါ်ကို လှေကားထောင်တက်သွားပြီး ထိုသူကို ကူညီရန် အုန်းပင်ဆီသို့ ခက်ခက်ခဲခဲ ပြန်ဆွဲခဲ့ရသည်။ နောက်ဆုံးတွင် အုန်းပင်အောက်ရှိ အိမ်ခေါင်မိုးပေါ်သို့ ပြုတ်ကျသွားတာကို မြင်တွေ့ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် အသက် မသေပဲ သေတွင်းမှ လက်မတင်လေး လွတ်မြောက်ခဲ့ရသော လူငယ်ကို နောက်ထပ် ဗီဒီယိုတစ်ခုတွင် တွေ့မြင်ခဲ့ရသည်။ အန္တရာယ်ရှိသော ကိစ္စများကို ဆောင်ရွက်မည်ဆိုပါက ဘေးအန္တရာယ်ကင်းရှင်းအောင် ဦးစွာကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

 



Follow us on