1. Home
  2. Special or Others

တာဝန်မဲ့သော တယ်လီဖုန်းလိုင်းကုမ္ပဏီကို ဝိုင်းဝန်းပြစ်တင်ရှုတ်ချ

Special or Others มิ.ย. 19, 2560 view 1,554

ဖုန်းလိုင်းပြုပြင်ရာမှ လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင်သူတစ်ဦး၏ ခေါင်းပေါ်သို့ ဓါတ်တိုင်ကျိုးကျခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့သူကို ဖုန်းကုမ္ပဏီမှ တာဝန်မဲ့စွာ ပြစ်ထားသည့်တွက် ဝိုင်းဝန်းပြစ်တင်ဝေဖန်ရှုတ်ချနေကြသည်။

ဖြစ်စဉ်မှာ Green Earth Telecom Services Inc မှ ဖုန်းပြင်လုပ်သားတစ်ဦးက လမ်းမကြီးပေါ် ကန့်လန့်ဖြတ်ထားသော ဖုန်းကြိုးများကို လှေကားထောင်ကာ တက်ပြင်နေခဲ့သည်။ လမ်းမကြီးပေါ်တွင်လည်း ဥဒဟိုသွားလာနေကြသူများရှိသည်။
ရုတ်တရက် ဖိအားကြောင့် လမ်းဘေးရှိ ဖုန်းတိုင်လဲပြိုကျခဲ့ပြီး လမ်းမပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူ၏ ဦးခေါင်းပေါ်သို့ တည့်တည့်ကျကာ မီးလောင်ကျွမ်းခဲ့သည်။


ဦးခေါင်းနှင့် မျက်နှာတွင် ပြင်းထန်စွာဒဏ်ရာရခဲ့သော်လည်း ကုမ္ပဏီမှ တစ်စုံတရာကူညီခြင်းမရှိကြောင်း ထိုသူ၏ ယောက္ခမဖြစ်သူ Mrs.Alberto က ပြောကြားခဲ့သည်။ သမီးလေးတစ်ဦးရှိပြီး အမျိုးသမီးမှာ လက်ရှိတွင် ကိုယ်ဝန်ဆောင်ထားက ကြေကွဲလွန်းသည့်အတွက် မည်သည့်စကားမှပြန်မပြောနိုင်ဖြစ်နေရှာသည်။ သူတို့၏ မိသားစုတွင် အဓိကလုပ်ကိုင်ကျွေးမွေးနေသူက ယခုကဲ့သို့ ဆေးရုံတက်ကုသနေရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း ပြောဆိုခဲ့သည်။

ဒဏ်ရာမရရမီ သမီးလေးနဲ့


အဆိုပါ မတော်တဆဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် တယ်လီဖုန်းကုမ္ပဏီအား ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြသည်။



Follow us on