1. Home
  2. Myanmar News

သုံးခွမြို့နယ်က (၅)ဘာသာဂုဏ်ထူးရှင် ပညာရေးအတွက် သမ္မတကတော် တာဝန်ယူမည်

Myanmar News มิ.ย. 20, 2560 view 1,530

၂၀၁၆ ခုနှစ်ပညာသင်နှစ်တွင် သုံးခွမြို့နယ်မှ (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော မနေခြည်ဝင်းလှိုင်၏ ပညာရေးကို နိုင်ငံတော်သမ္မတကြီး၏ ကတော် ဒေါ်စုစုလွင်မှ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အရင်တုန်းကလည်း (၃)ဘာသာ ကျောင်းသားလေးတစ်ဦး ထွက်ခဲ့ဖူးတယ်။ သူ့ကိုလည်း အခုလိုမျိုးပဲ ကူညီပေးခဲ့တာပေါ့။ အခု ဒီကလေးမလေးကလည်း ထူးထူးချွန်ချွန်ဖြစ်တယ်။ နောက်ပြီးသူတို့အိမ်စီးပွားရေး အဆင်မပြေတဲ့အခါကျတော့ မနေ့ညက ကျွန်တော်သတင်းရတာနဲ့ ဒေါ်စုစုလွင်ဆီ ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တယ်။ သူက ကလေးပညာရေးကို ကျောင်းပြီးတဲ့အထိ ကူညီပေးချင်တယ်ပြောတာနဲ့ အခုလိုဖြစ်တာပါ” ဟု ဒေါ်စုစုလွင်ရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးစိန်ဝင်းမောင်က ပြောကြားခဲ့သည်။

ယနေ့မနက်မှာတော့  မနေခြည်ဝင်းလှိုင်နေထိုင်တဲ့ သုံးခွမြို့နယ် (၇)ရပ်ကွက်က နေအိမ်ကို သွားရောက်ပြီး ကူညီမှာဖြစ်ကြောင်း သိရှိရပါတယ်။

ကလေးမလေးက အမှတ်လည်း မီမယ်ဆိုရင်တော့ ဆေးကျောင်းတက်ချင်တယ်။ ကျန်တဲ့ကျောင်းတက်ဖို့ သင်ကြားစရိတ်၊ ကျောင်းစရိတ်တွေကတော့ အမှတ်စာရင်းတို့ဘာတို့ ထွက်ပြီးမှ သူလည်း ဘယ်ကျောင်းတက်ရမယ်ဆိုတာသိရမှာ။ အဲဒါတွေက နောက်မှ စီစစဉ်ဖြစ်မှာပါ” ဟု ဦးစိန်ဝင်းမောင်က ရှင်းပြသည်။

သုံခွမြို့နယ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ပြည်သူ့ကိုယ်စားလှဘ်အဖြစ် ဒေါ်စုစုလွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သော မဲဆန္ဒနယ်မြေဖြစ်သည်။ မနေခြည်ဝင်းလှိုင်၏ ကျောင်းစရိတ်ကို ဖခင်ဖြစ်သူက ဆန်စက်မှာ ညစောင့်အလုပ်လုပ်၊ မိခင်ဖြစ်သူက မုတ့်လက်ဆောင်းရောင်းပြီး ထောက်ပံ့ပေးခဲ့ရကြောင်း သိရှိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သုံးခွမြို့နယ် .ထ.က(၂)မှ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ခြင်းဖြစ်သည်။

သုံးခွမြို့နယ်တွင် မနေခြည်ဝင်းလှိုင် အပြင် နောက်ထပ် (၅)ဘာသာဂုဏ်ထူးရှင် တစ်ဦးလည်းရှိသေးကြောင်း သိရှိရသည်။ ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်းအောင်စာရင်းရ လူဦးရေ(၆)သိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၉.၉၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

ကုမုန္ဒြာ
 



Follow us on