လူ ၁၀၇ ဦးသေဆုံးခဲ့ရနဲ့ လေယာဉ်ပျက်ကျခဲ့မှာ အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ဦးက ၁၂ နှစ်ကြာခဲ့ပြီးတဲ့နောက် ကမ္ဘာကျော် America’s Got Talent ပြိုင်ပွဲမှာ သူမရဲ့ ထူးခြားတဲ့ အသံစွမ်းရည်နဲ့ ယှဉ်ပြိုင်ခဲ့ပြီးနောက် ဒိုင်လူကြီးများနဲ့ ပရိသတ်တို့ရဲ့ အထူးအားပေးမှုကိုခံခဲ့ပါတယ်။
America’s Got Talent ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်သူ Simon Cowell ဟာ တော်ရုံတန်ရုံအရည်အချင်းနဲ့ လာရောက်ယှဉ်ပြိုင်သူတွေကို သဘောကျလေ့မရှိပဲ မညှာမတာတမ်း ဝေဖန်တတ်တဲ့ ဒိုင်တစ်ဦးဖြစ်လို့ ပြိုင်ပွဲဝင်တွေနဲ့ ပရိသတ်က သူရဲ့တုံ့ပြန်မှုကို အထူးသတိထားစောင့်ကြည့်ခံရတဲ့ သူဖြစ်ပါတယ်။
အမာရွတ်တွေအပြည့်နဲ့ စင်ပေါ်တတ်လာတဲ့ အမျိုးသမီးကို ဆိုင်မွန်က နာမည်စမေးလိုက်ပါတယ်။ ယှဉ်ပြိုင်သူရဲ့ အမည်က Kechi ဖြစ်ပြီး လွန်ခဲ့သော ၁၂ နှစ်သူမ ၁၆ နှစ်အရွယ်က နိုက်ဂျီးယားလေယာဉ်ပျက်ကျခဲ့မှုမှာ ပါသွားခဲ့သူဖြစ်ပြီး လူပေါင်း ၁၀၇ ဦး သေဆုံးကာ သူမအပါအဝင် ၂ ဦးသာ အသက်ရှင်ကျန်ခဲ့ခြင်းဖြစ်သည်။
ဆေးကုသမှုခံနေရစဉ်မှာ သူမရဲ့အဖော်ဟာ သီချင်းတွေသာဖြစ်ခဲ့သလို သီချင်းတွေက သူမရဲ့ ဘဝဖြစ်ခဲ့ရပါတယ်။ ယခုတော့ သူမရဲ့ ထူးခြားတဲ့ အသံစွမ်းရည်ကို ပြသဖို့အသင့်ဖြစ်ပြီမို့ Got Talent မှာ လာရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။
သူမရဲ့ ထူးခြားတဲ့ သီဆိုနိုင်မှု အသံစွမ်းအင်ကြောင့် ပရိသတ်ကြီးသာမက အလွန်ခေါင်းမာတဲ့ ဒိုင်တစ်ဦးဖြစ်သူ ဆိုင်မွန်ကပါ မတ်တပ်ရပ်ချီးကျူးခဲ့ရသည်။ သူမရဲ့ စွမ်းရည်ကို အားပေးကြည့်ရှုကြပါဦး။ Myanmar’s Got Talent မှာလည်း ဒီလိုအရည်အချင်းရှိသူတွေ များများပြိုင်စေချင်ပါတယ်။