1. Home
  2. Special or Others

၂၁ရာစုမှာ ရှားပါးတဲ့အချစ်စစ်ကို လက်တွေ့ပုံဖော်သွားတယ် စံပြစုံတွဲ

Special or Others มิ.ย. 21, 2560 view 1,609

၂၁ရာစုမှာ အရှားပါးဆုံးက အချစ်စစ်အချစ်မှန်ပါပဲ။လွဲမှားတဲ့အချစ်ခံယူချက်တွေနဲ့လူတွေက လွယ်လွယ်လေးချစ်၊ လွယ်လွယ်လေးမေ့၊လွယ်လွယ်လေး ပစ်ကြပါတယ်။ကြာလာတော့လည်း ခေါက်ရိုးကျိုးအချစ်သီအိုရီထဲ ဝဲလည်လည်ဖြစ်နေရောပေါ့။ကိုယ်ကအချစ်စစ်နဲ့အချစ်ကိုတန်ဖိုးထားချစ်ရင် အချစ်စစ်ကိုရှာတွေ့မှာပါ။ ဒီတစ်ခေါက်မှာတော့၂၁ရာစုမှာ ရှားပါးတဲ့အချစ်စစ်ကို လက်တွေ့ပုံဖော်သွားတယ် စံပြစုံတွဲအကြောင်းတင်ပြလိုက်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ လက်ထပ်ထိပ်မြားနှစ် အရှည်ကြာဆုံး စုံတွဲတစ်တွဲက ပြန်လည်တွေ့ဆုံခဲ့တဲ့အတွက် သူတို့ရဲ့ နှစ်(၈၀)မြောက် မင်္ဂလာနှစ်ပတ်လည် အခမ်းအနား ပြုလုပ်ကျင်းပတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ အသက်(၁၀၂)နှစ်အရွယ် ကန် ဟဲရစ်နဲ့ အသက်(၉၉)နှစ်အရွယ် မာဂရက်တို့ဟာ (၁၉၃၇)ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် ကွဲကွာသွားခဲ့ကြတာ ဖြစ်ပါတယ်။

မစ္စတာ ဟဲရစ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဆောက်ဝေးလ်နယ်ခြားစောင့်တပ်တွေနဲ့ မြန်မာနိုင်ငံကို တပ်ဖြန့်စေလွှတ်ခံခဲ့ရ တာကြောင့် ဇနီးဖြစ်သူနဲ့ ကွဲကွာသွားခဲ့ပြီးနာက်ပိုင်းမစ္စတာ ဟဲရစ်က တင်ပါးစုံ ရိုးကျိုးတာကြောင့် ဆေးကုသမှု ခံယူခဲ့ရကာ သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ သွားရောက်နေထိုင်စဉ် ဇနီးဖြစ်သူ မာဂရက်နဲ့ ပြန်လည်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ ကန် ဟဲရစ်နဲ့ မာဂရက်တိုတို့ရဲ့နှစ်(၈၀)မြောက် မင်္ဂလာနှစ်ပတ်လည် အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။



Follow us on