1. Home
  2. Special or Others

Facebook “Like” မပေးရင် ကလေးကို တိုက်ပေါ်က ပစ်ချမယ်လို့ ခြိမ်းခြောက်တဲ့ဖခင်

Special or Others มิ.ย. 22, 2560 view 1,731
လူမှုကွန်ယက်အတွက် ရည်ရွယ်ပြီး ဖန်တီးခဲ့တဲ့ Facebook ဟာ လူတွေရဲ့ ဘဝကို ဒီလောက်တောင် စိုးမိုးနေပြီလား..? သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဖြစ်စေတဲ့အထဲမှာ Facebook ကို စာရင်းသွင်းရပါတော့မယ်။
 
Facebook ပေါ်ကနေ Like တွေရဖို့ ကြိုးစားလာကြတဲ့ နည်းလမ်းတွေထဲမှာတော့ ဒီနည်းလမ်းက လူသားမဆန်ဆုံး အရက်စက်ဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံက လူတစ်ဦးဟာ သူရဲ့ Facebook မှာ “Like” ဖို့အတွက် သားအရင်းဖြစ်သူ ကလေးငယ်ကို သူ့ရဲ့နေအိမ်တိုက်ခန်း ပေါ်ကနေ ပစ်ချမယ်လို့ ခြိမ်းခြောက်တဲ့ ဓါတ်ပုံ တစ်ပုံတင်ခဲ့ပါတယ်။
 
ပုံထဲတွင် ကလေးငယ်လေးကို အမြင့် မီတာ ၁၅၀ ရှိတဲ့ တိုက်ခန်း ပြတင်းပေါက်ကနေ အင်္ကျီစကိုဆွဲကာ အပြင်ကို တန်းလန်းချထားခဲ့ပြီး “Likes ၁,၀၀၀ ပေးမလား  သူ့ကိုပစ်ချလိုက်ရမလား” ဟု ရေးသားခဲ့သည်။
 
အခြား Facebook အသုံးပြုသူက တွေ့မြင်ခဲ့ပြီး အာဏာပိုင်များကို ဖုန်းဆက်တိုင်ကြားခဲ့သည်။ ထိုသူကို ဖမ်းဆီးမိခဲ့ပြီးနောက် ကလေးသူငယ်ညှင်ပမ်းမှုဖြင့် တရားစွဲဆိုခဲ့သည့်အတွက် ထောင်ဒဏ် ၂ နှစ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
 
“ကလေးကို ဘယ်ဘက်လက်နဲ့ အင်္ကျီစကိုဆွဲ ပြတင်းပေါက်အပြင်ထုတ်၊ တန်းလန်းချကာ ညာဘက်လက်နဲ့ ဓါတ်ပုံရိုက်တာ ဘယ်လောက်တောင်များ အန္တရာယ်များလိုက်သလဲဗျာ.. ကိုယ့်ရဲ့ ကလေးအသက်အန္တရာယ်ထက် ဘာတွေက ပိုပြီးအရေးကြီးနေရတာလဲ..။ ကလေးအဖေက သူဒီလိုလုပ်နေတာဟာ ရာဇဝတ်မှုတစ်ခု ကျူးလွန်နေတယ်ဆိုတာတောင် သတိထားမိပုံမရဘူး” ဟု စိတ်ပညာဆရာဝန် Dr.Nouha Rahmani က ပြောကြားခဲ့သည်။


Follow us on