1. Home
  2. Special or Others

သံမဏိဘလိတ်ဓားတွေကို လက်တွေ့ဝါးစားပြတဲ့ ဦးဇော်မင်းဦး ခေါ် ဘလိတ်ဓား (ရုပ်သံ)

Special or Others มิ.ย. 22, 2560 view 1,664

(ရုပ်သံဖိုင်ကို အောက်ဆုံးတွင်ကြည့်နိုင်ပါသည်။ Share ပေးခြင်းဖြင့် ဂုဏ်ပြုလိုက်ပါ)

ကျွန်တော်တို့ဝိုင်းထဲကလူပါ.... ဦးဇော်မင်းဦး တဲ့.. ဒါပေမယ့် အဲ့နာမည်ကိုသိပ်မသိကြဘူး... ဘလိတ်ဓား ဆိုလူတိုင်းသိတယ်...အသက် ၅၆ နှစ်ရှိပြီဗျ...သူ့သမီးတောင် ဒီနှစ် ၉ တန်း.... ဘလိတ်ဓားစားလာတာ ၉ နှစ်သားကနည်းက... နှစ်ပေမီးချောင်းဆို အတော်ဘဲတဲ့...ဒီအတိုင်းဝါးစားပစ်တာ...
အသုပ်ထဲကို မီးချောင်းအကွဲနဲ့ဘလိတ်ဓားချိုးချေထည့်ပြီးစားတာ အကြော်ထည့်စားသလိုဘဲတဲ့.... အခုဘလိတ်ဓားသွားဝယ်ခိုင်းပြီးစားပြတာ...တဂျွတ်ဂျွတ်နဲ့ဝါးစားနေတယ်လေ....
စတီးဘလိတ်ဖြစ်နေလို့ဝါးရင်သံဘလိတ်ဓားလိုဂျွတ်ဂျွတ်နဲ့ဝါးလို့မကျိုးဘဲကွေးကွေးသွားလို့စားရတာသိပ်အဆင်မပြေဘူးတဲ့..အရင်သံဘလိတ်ဓားတွေဆိုအခုလောက်ဆိုနှစ်ချောင်းလောက်ကုန်ပြီတဲ့... ဖန်ခွက်အကွဲလဲစားတယ်....အရင် ရုပ်ရှင်မင်းသားစိုးသူက ခေါ်မွေးထားသေးတယ်.... ဓာတ်မှန်ရိုက်ပေးတယ်...စားပြီးရင်ဘာမှမရှိတော့ဘူး...သူ့အစာချေရည်ကတစ်မျိုးလို့ဆရာဝန်ကရှင်းပြတယ်တဲ့... စိုးသူအိမ်မှာနေတုန်း စိုးသူဖုန်းကိုကော်တွေဖယ်ပြီးဆားကစ်တွေသံတွေ အကုန်စားပစ်လိုက်လို့စိုးသူကမောင်းချလိုက်တာ....ဖုန်းက ဟိုတုန်းက ဆယ်လူလာလေ...အကြီးကြီး.... တစ်ချောင်းကုန်တော့ တော်ပါတော့လို့တားထားရတယ်.... သူကကျွေးတဲ့သူမရှိလဲ ဘလိတ်ဓားကိုတစ်နေ့တစ်ချောင်းတော့စားပေးရတယ်တဲ့... အကျင့်ပျက်မှာစိုးလို့တဲ့... အဲဒါမှ ဆရာတွေခေါ်လုပ်ပြခိုင်းရင်လုပ်နိုင်မှာတဲ့...

အရင်ကဆို လောင်းကြေးစားကြေးနဲ့ စားတာ.... နှစ်ပေ မီးချောင်းစားပြတာကြည့်ချင်သေးလား.. သူ့ကိုဗျူးထားတာနားထောငိ့ကြည့်ပေါ့...

Source: WikiBook



Follow us on