1. Home
  2. Good Morning Myanmar

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ယူမှု ဒုတိယနေ့မှာ လူဦးရေအများအပြားလာရောက်ထုတ်ယူ

Good Morning Myanmar มิ.ย. 22, 2560 view 1,399

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းတွေကို ဇွန်လ(၁၉)ရက်က စတင်ထုတ်ပေး နေတာဖြစ်ပြီး စတင်ထုတ်ပေးတဲ့နေ့မှာပဲ လူဦးရေသုံးသောင်းကျော် လာရောက်ထုတ်ယူခဲ့ကာ ဒုတိယနေ့မှာလည်း လာရောက်ထုတ်ယူသူဟာ ပထမနေ့ကထက် ပိုများတယ်လို့တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် တကသိုလ်ဝင်တန်းအမှတ်စာရင်းတွေထုတ်ပေးတဲ့ရက်ကို ကန့်သတ်ထားခြင်း မရှိပဲ ဇွန်လ(၁၉)ရက်က စတင်ထုတ်ပေးနေတာဖြစ်ပြီး မနက်(၉)နာရီကနေ နေ့လည် (၂)နာရီအထိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာထုတ်ပေးသွားမှာဖြစ်ပါတယ်။

အမှတ်စာရင်း တွေ ထုတ်ယူရာမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေဆိုသူတွေက လှိုင်တက္ကသိုလ်များ နယ်မြေရှိ ဇွဲကပင်ဆောင်မှာ ထုတ်ယူနိုင်တာဖြစ်ပြီး တခြားပြည်နယ်နဲ့တိုင်းဒေသကြီးမှာဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ မေခဆောင်မှာ ထုတ်ယူနိုင်တယ်လို့သိရပါတယ်။ အမှတ်စာရင်းတွေ ထုတ်ယူရာမှာလည်း အဆင်ပြေလွယ်ကူနိုင်စေဖို့ ကွန်ပျူတာစနစ်နဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပြီး အမှတ်စာရင်းထုတ်ယူဖို့အတွက် လျှောက်လွှာကို ငွေကျပ် (၄၀၀)ကျပ်နဲ့ ၀ယ်ယူရာမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမှတ်စာရင်းတွေကို တက္ကသိုလ်ဝင်တန်းအောင် စာရင်းထွက်ပြီး ချက်ချင်းထုတ်ပေးရာမှာ နယ်ကလာရောက်သူတွေအတွက်လည်း အဆင်ပြေမှု ရှိတယ်လို့ပြောပါတယ်။ ဒါ့အပြင် အမှတ်စာရင်းတွေထုတ်ပေးရာမှာ ယခင်နှစ်က အမှတ်စာရင်းတွေ၊ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျရှုံးသူတွေရဲ့  အမှတ်စာရင်းတွေကို လာရောက်လျှောက်ထား ထုတ်ယူပါကလည်း ထုတ်ပေးနေတယ်လို့သိရပါတယ်။အခုနှစ် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် တွေကိုတော့ ဇူလိုင်လအတွင်းမှာ ထုတ်ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။



Follow us on