1. Home
  2. Myanmar News

မိုးရာသီ Promotion အဖြစ် ads.com.mm မှ ရေစိုခံကျောပိုးအိတ်များ မဲဖောက်ပေးမည်

Myanmar News มิ.ย. 22, 2560 view 1,555

ဒီနှစ်မိုးရာသီမှာမိုးကလည်းကောင်းနေတော့အလုပ်သွားကျောင်းသွားတဲ့အခါပစ္စည်းတွေမိုးရေစိုမှာကိုစိတ်ပူနေရပါတယ်။ မိုးရာသီဖြစ်တဲ့အလျောက်မိုးရေစိုခံတဲ့ပစ္စည်းလေးတွေကဈေးကွက်ထဲမှာအရောင်းသွက်နေပါတယ်။အပြင်ဈေးကွက်ထဲမှာရော အွန်လိုင်းပေါ်မှာပါ ရေစိုခံ ဖုန်း ၊ အိတ် ၊ ဖိနပ် ၊ နာရီ ၊ ကင်မရာ ၊ speaker တွေကအစ ဘီရိုလို အိမ်သုံးပစ္စည်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချဝယ်ယူ လာကြတာတွေ့ရပါတယ်။

အထူးသဖြင့် ရေစိုခံပစ္စည်းတွေထဲမှာ ဖုန်း ၊ နာရီနဲ့ အိတ်တွေက အထူးလူကြိုက်များပြီး အွန်လိုင်းပေါ်မှာလဲ အရောင်းအ၀ယ်ဈေးကွက်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး လူကြိုက်များပြီး လိုအပ်တဲ့ ရေစိုခံပစ္စည်းလေးတွေထဲက တစ်ခုကို ကံစမ်းမဲဖောက်ပြီး သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်ဖို့ ads.com.mm ကနေ စီစဉ်ထားပါတယ်။

မြန်မာပြည်၏အခမဲ့ကြော်ငြာစုံ ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ads.com.mm ကနေ မိုးရာသီ ပရိုမိုးရှင်းအဖြစ် ၀က်ဘ်ဆိုဒ်သုံးစွဲသူတွေကို ကံစမ်းမဲအစီအစဉ်လေးတစ်ခုနဲ့အတူ ရေစိုခံ Giordano ကျောပိုးအိတ်တွေကို လက်ဆောင်ပေးအပ်သွားဖို့ရှိပါတယ်ads.com.mm ကို အသုံးပြုကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မိုးရာသီ မိုးရေစိုစိုထဲမှာ အဆင်ပြေပြေနဲ့ ကျောင်းသွား ရုံးတက်နိုင်ဖို့ ငွေကျပ် ၃၈ဝဝဝ တန် Giordano ကျောပိုးအိတ်လေးတွေကို ကံစမ်းမဲအစီအစဉ်လေးတစ်ခုနဲ့အတူ ပေးအပ်သွားမှာဖြစ်ပါတယ်။Ads.com.mm ၀က်ဘ်ဆိုဒ်မှာ ads logo ပါတဲ့ Giordano ကျောပိုးအိတ်ပုံလေးကို ကြော်ငြာအဖြစ်နဲ့ တင်ပေးထားပြီး အဲဒီကြော်ငြာကို လိုက်လံရှာဖွေပြီး တွေ့ရှိသူတွေထဲက (၅) ဦးကို မဲနှိုက်ရွေးချယ်ပြီး Giordano ကျောပိုးအိတ် (၅) လုံးပေးသွားမှာ ဖြစ်ပါတယ်။

 

ကံစမ်းမဲ စည်းမျဉ်းစည်းကမ်းတွေကတော့ -

(၁) ads.com.mm ရဲ့ ဖေ့စ်ဘွတ်မှာတင်ထားတဲ့ ကံစမ်းမဲပို့စ်ကို public နဲ့ share ပြီး share ထားတဲ့ screenshot ကို ကံစမ်းမဲပို့စ်အောက်မှာ ကွန်မန့်မန့်ပေးပါ။

(၂) ads logo ပါတဲ့ Giordano အိတ်ပုံနဲ့ ကြော်ငြာကို ads.com.mm ရဲ့ website ပေါ်မှာ လိုက်လံရှာဖွေပါ။

(၃) ရှာတွေ့ပါက ကြော်ငြာကို screenshot ရိုက်ပြီး ads.com.mm ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက message box ကို ပို့ပေးလိုက်ရင် ရပါပြီ။ကံထူးရှင် (၅) ယောက်ကိုတော့ မဲနှိုက်ရွေးချယ်ပြီး ဇူလိုင် (၁၄) ရက်မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ကံစမ်းမဲအစီအစဉ် အသေးစိတ်ကို ads.com.mm ရဲ့ facebook စာမျက်နှာ https://www.facebook.com/ads.com.mm/?ref=br_rs မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ads.com.mm အကြောင်း

မြန်မာနိုင်ငံအတွင်း နေထိုင်သူမည်သူမဆို ရောင်းချလိုတဲ့ ပစ္စည်းကို ads.com.mm မှာ အွန်လိုင်းကနေ ကြော်ငြာအခမဲ့တင်ပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။ ads.com.mm မှာ ကြော်ငြာတင်ရန် ၂ မိနစ်သာ အချိန်လိုအပ်ပြီး ကွန်ပြူတာ နှင့် မိုဘိုင်းဖုန်း နှစ်မျိုးစလုံးမှာ မြန်မာ၊ အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်တယ်။ads.com.mm ကို အသုံးပြုကြတဲ့ Customers များအတွက် အထူးအစီအစဉ်အနေနဲ့လည်း VIP အစီအစဉ်များ ထားရှိထားပါတယ်။ VIP plan ကို အသုံးပြုသူတွေအနေနဲ့ အသက်သာဆုံးသောနှုန်းထားနဲ့ Website ကအရောင်းပို့စ်တွေရဲ့ ထိပ်ဆုံးမှာ နေရာယူနိုင်မှာ ဖြစ်ပြီး ၀ယ်သူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း အများဆုံးရရှိနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။အသုံးပြုသူများအနေနဲ့ ကား ၊ အိမ်ခြံမြေ ၊ လျှပ်စစ်ပစ္စည်း ၊ အ၀တ်အစား ၊ အိမ်ထောင်ပရိဘောဂ အစရှိသဖြင့် အမျိုးအစားကဏ္ဍစုံလင်စွာ စိတ်ကြိုက်ကြော်ငြာများ တင်ပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဂိုဒေါင်ရှင်းဈေးရောင်းပွဲ၊ တစ်ပတ်ရစ်ပစ္စည်းများ ၊ အရောင်းဆိုင်များမှ ပစ္စည်းသစ်များ ၊ ၀န်ဆောင်မှုများကိုပါ ကြော်ငြာရောင်းချနိုင်ပါတယ်။ads.com.mm ကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှ အရောင်းအ၀ယ်ကြော်ငြာများ အခမဲ့တင်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။



Follow us on