1. Home
  2. Myanmar News

ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံ အလုပ်သမားများကို သရဲဝင်ပူး

Myanmar News มิ.ย. 23, 2560 view 1,602

ရွှေပြည်သာ စက်မှုဇုန် ၄ ရှိ မြန်မာဆူးမက်စ်အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀ ကျော်ခန့် (၂၃.၆.၂၀၁၇)မနက် ၈ နာရီခန့်သရဲဝင်ပူးသောကြောင့်အလုပ်ရှင်မှစက်ရုံထဲအ၀င်မခံခြင်းဖြစ်ပေါ်ကြောင်းသတင်းရရှိသည်။သရဲဝင်ပူးအလုပ်သမားတဦးမှ ကက်ကြေးဖြင့် ကျန်စက်ရုံအလုပ်သမားများအား လိုက်ထိုးသောကြောင့် အလုပ်သမား ၅၀ ကျော် ကြောက်လန့်ကာ အိမ်ပြန်သွားကြသည်ဟု စက်ရုံအရှေ့တွက် ကြောက်စိတ်ဖြင့် စောင့်ဆိုင်းနေကြသော အလုပ်သမားများက ဆိုသည်။

 

 

 

အလုပ်ရှင်မှ သရဲဝင်ပူးသော အလုပ်သမားများနှင့် အိမ်ပြန်သွားသော အလုပ်သမားများအား ဆက်အလုပ်လုပ်ခွင့် မပေးတော့ဟုဆိုသောကြောင့် စက်ရုံအလုပ်သမားများ စိုးရိမ်လျက်ရှိသည်။“ အခု ပယောဂဆရာတယောက် စက်ရုံထဲရောက်နေတယ်။ မနေ့တုန်းကလည်း စက်ရုံထဲမှာ သရဲဝင်ပူးသေးတယ်။ ဘုန်းကြီး သုံးပါးနဲ့ ပရိတ်ရွတ်တယ်။ သရဲဝင်ပူးနေတဲ့ အလုပ်သမားတွေ ပရိတ်ကြိုးတွေ ဆွဲဖြုတ်ခဲ့တယ်”ဟု အလုပ်သမားတဦးက ပြောသည်။

Source: NewsWatch

 



Follow us on