1. Home
  2. Special or Others

ကားနောက်ခန်းထဲ လိင်ဆက်ဆံနေစဉ် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

Special or Others มิ.ย. 26, 2560 view 2,007

ကားတစ်စီးဟာ အရှိန်မထိန်းနိုင်ပဲ မတော်တဆမှုဖြစ်ပွားကာ တိုက်မိခဲ့ပြီး အဆိုပါကားနောက်ခန်းမှာ ကာမဆက်ဆံနေတဲ့ အိုင်းရစ်လူမျိုး ကျောင်းဆရာတဦး သေဆုံးခဲ့တယ်လို့ အိုင်းရစ်ပိုစ့် သတင်းမှာ ဇွန်လ ၂၃ ရက်နေ့က ရေးသားဖော်ပြခဲ့ပါတယ်။


ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာ ဇွန်လ ၂၁ ရက်နေ့ မနက် ၁ နာရီက ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ ကားမတော်တဆမှုအတွင်း အသက် ၃၀ နှစ်အရွယ် အင်္ဂလိပ်စာဆရာ အိုင်းရစ်လူမျိုး ဂျွန်မလွန်ဆိုတဲ့လူ သေဆုံးခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကယ်တင်တဲ့အချိန်မှာ ကားအပျက်အစီးပုံတွေရဲ့ နောက်ခန်းထိုင်ခုံထဲကနေ ကျောင်းဆရာကို ခန္ဓာကိုယ်တပိုင်း အဝတ်အစားမပါပဲ ဆွဲထုတ်ခဲ့ရသလို အဝတ်အစားမပါတဲ့ ထိုင်းအမျိုးသမီးကိုလည်း တွေ့ခဲ့ရပါတယ်။


ဒါကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကျောင်းဆရာနဲ့ ထိုင်းအမျိုးသမီးတစ်ဦးဟာ ကားနောက်ခန်းမှာ ကာမဆက်ဆံနေတယ်လို့ ကယ်ဆယ်ရေးတွေက ယူဆနေကြောင်း သတင်းမှာ ရေးထားပါတယ်။
ကားတိုက်မှုကြောင့် ကားမောင်းသူနဲ့ အမျိုးသမီးက ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကျောင်းဆရာကတော့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


စီစီတီဗီကင်မရာထဲမှာ ချင်းရိုင်မြို့ထဲ အရှိန်နဲ့မောင်းလာတဲ့ ဇူဇီကီးကားက အရှိန်မထိန်းနိုင်ဖြစ်ပြီး ကွန်ကရစ်တိုင်တခုကို တိုက်မိတာ မြင်တွေ့ရပါတယ်။ ကားက အကြိမ်ပေါင်းများစွာ လည်သွားပြီး အပေါ်ကို ပျံတက်သွားကာ မှန်တွေကွဲသွားပြီး နောက်ဆုံးမှာ ရပ်သွားတာကိုလည်း ရုပ်သံထဲမှာ တွေ့ရပါတယ်။

DVB

 



Follow us on