1. Home
  2. Special or Others

အငယ်မနှင့် ဖောက်ပြန်နေချိန် အကြီးမနဲ့ အမျိုးတွေက ဝင်ဖမ်းပြီးရိုက်နှက်

Special or Others มิ.ย. 26, 2560 view 5,961

တရုပ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ဟိုတယ်အခန်းတစ်ခန်းထဲမှာ မယားငယ်(အငယ်မ)နဲ့ အေးဆေးနှပ်နေစဉ် မယားကြီး(အကြီးမ)ဖြစ်သူက သူမရဲ့ ဆွေမျိုးတွေခေါ်လာကာ အခန်းထဲကို ဝင်ပြီး နှစ်ယောက်လုံးကို ရိုက်နှက်ခဲ့ပါတယ်။

အခန်းထဲဝင်လာတဲ့ အမျိုးသားတွေဟာ ယောက်ျားဖြစ်သူကို ထိုးကျိတ်နေစဉ် မယားကြီးဖြစ်သူက သူ့ယောက်ျားနှင့် ဖောက်ပြန်နေသော မယားငယ်ကို စီးထားတဲ့ ဖိနပ်ချွတ်ပြီး တစ်ကိုယ်လုံးကို ရိုက်နှက်ခဲ့ပါတယ်။
အဲ့သည်နောက် ကုတင်အောက်ကို ဆွဲချပြီး ရိုက်နှက်တဲ့အခါ အဝတ်ဗလာဖြစ်သွားတဲ့ မယားငယ်ကို ယောက်ျားက ကုတင်ပေါ်ပြန်ဆွဲတင်ပြီး အိပ်ယာခင်းနဲ့ ပက်ကာ ထွေးပွေ့ထားပြီး ကာကွယ်ပေးခဲ့တဲ့ မြင်ကွင်းဟာ မယားကြီးကို ပိုလို့ ဒေါသထွက်စေခဲ့ပါတယ်။

အဲ့ဒါကြောင့် သူယောက်ျားကိုလည်း ကိုယ်တိုင်ရိုက်နှက်ခဲ့ပါတယ်။ အဆိုပါဗီဒီယိုဟာ လူမှုကွန်ယက်အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုဖြစ်ပါတယ်။
 



Follow us on