1. Home
  2. Myanmar News

တက္ကသိုလ်လေးခုတွင် ကျောင်းဝင်ခွင့်စနစ် ပြောင်းလဲမှု ဝေဖန်နှုန်းမြင့်တက်

Myanmar News มิ.ย. 26, 2560 view 1,449

ဇွန်လ ၂၄ရက်နှင့်၂၅ရက်တို့တွင် ပညာရေးဝန်ကြီးဌာနက ရန်ကုန်တက္ကသိုလ်၌ ကျင်းပသောအဆင့်မြင့်ပညာ နှီးနှောဖလှယ်ပွဲတွင်လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်ကစ၍ တက္ကသိုလ်ဝင်ခွင့် စနစ်ကို တက္ကသိုလ်လေးခုတွင် စတင်ပြောင်းလဲမည်ဟု အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင် မင်းကပြောကြားခဲ့ကြောင်း 7daydaily တွင်ဖော်ပြထားရှိပြီး လက်ရှိတွင်ဝေဖန်နှုန်းမြင့်တက်လျှက်ရှိသည်။

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်တို့တွင် တက္ကသိုလ်ဝင် ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ဖြင့် မဆုံးဖြတ်ဘဲ တက္က သိုလ်က သီးခြားဝင်ခွင့်လက်ခံ သည့်စနစ်ကို ကျင့်သုံးမည်သွားမည်ဖြစ်ကြောင်းကို ‘‘တက္ကသိုလ်အားလုံးတော့ မဟုတ်သေးဘူး။ ရှေ့ပြေးစမ်း သပ်တဲ့အနေနဲ့ တက္ကသိုလ် လေးခုစမယ်။ ဆေးကတ္ကသိုလ်နှစ်ခု လောက်လည်း သူတို့အဆင်သင့် ဖြစ်ရင်ပါလာနိုင်တယ်’’ ဟု ဒေါက် တာအောင်အောင်မင်းကဆိုသည်။

အဆိုပါပြောဆိုချက်နဲ့ပတ်သက်ပြီး"ကျန်တဲ့ ကျောင်းတွေကို စမ်းသပ်တာ ထက် တစ်ခါလာလည်း စက်မှုကျောင်းတွေကို စမ်းသပ်တာက တော်တော်ဆိုးတယ်။ ဆယ်တန်းစာမေးပွဲမှာ အမှတ်ကောင်းဖို့ဆိုတာ ဗြုန်းဒိုင်း ဥုံဖွဆိုပြီး ကောင်းခဲ့ကြတာမဟုတ်ဘူး။ အနည်းဆုံးတော့ (၉)တန်းလောက်ကနေစပြီး စာတွေကျေညက်အောင် ရေကုန်ရေခန်း အားထုတ်မှသာ အမှတ်ကောင်းတဲ့ ကျောင်းသားဆိုတာ ဖြစ်လာတာ။ အဲ့ဒီရေကုန်ရေခမ်းဆိုတဲ့နေရာမှာ ဥာဏ်ကော ဇွဲကော ၀ီရိယကော အာရုံစူးစိုက်မှုကော အကုန်ပေါင်းဆပ်ထားရတာမျိုး။ နောက်ပြီး ဖင်ကွဲအောင်ကြိုးစားတိုင်းလည်း အမှတ်ကောင်းတာမဟုတ်ဘူး။ ပင်ကိုယ်ဥာဏ်ရည် ဥာဏ်သွေးဆိုတာလဲ ထက်နေရတယ်။ အဲ့လိုထက်နေတဲ့ကောင်တွေ နည်းပညာ တက်ကသိုလ် စက်မှု တကသိုလ်နဲ့ ဆေးတသိုလ် ရောက်တာ သိပ်ကောင်းတဲ့ လကဏာပါ။နိုင်ငံအတွက် စိတ်ချရပါတယ်။ အခုပုံတိုင်းဆို ဖုတ်ပူမီးတိုက်ပြန်လိုက်ခိုင်းပြီးမှ အုတ်ရောရောကျောက်ရောတွေနဲ့ စက်မှုကျောင်းတွေကို ပြန် ၀င်ခိုင်းမယ့်ပုံဖြစ်နေတယ်။ စမ်းသပ်လို့ကိုမပြီးနိုင်သေးပါလားဗျာ။ ခင်ဗျားတို့စမ်းတာလဲ မျိုးဆက် လေးငါးခု ရှိနေပြီ။တစ်ယောက်တက်လာရင် တစ်မျိုးစမ်းတယ်။" လို့ ပြည်သူတစ်ဦးက ဝေဖန်ထားပါတယ်။

ယခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ် ဝင်စာမေးပွဲအမှတ်ဖြင့်သာ ရွေး ချယ်ဆုံးဖြတ်မည်ဖြစ်ပြီး ယခုနှစ် တွင် တက္ကသိုလ်ဝင်တန်းတက် ရောက်နေသူ ကျောင်းသားများ သည် စနစ်သစ်ကို စတင်ကြုံတွေ့ရမည်ဖြစ်သည်။အင်းစိန်နေကိုသီဟကျော်က"ဒါဆိုရင်တော့အပေါစားတွေဖြစ်သွားတော့မှာမြင်ယောင်သေးတယ် ဆယ်တန်းမှာTopဖြစ်တဲ့ကျောင်းသား/သူတွေကEntranceဖြေလို့ခြေချော်လက်ချော်ဖြစ်ခဲ့ရင်Zooတို့Botanyတို့လစ်ရမှာလားး???ထူးချွန်တဲ့ဆရာဝန်တွေမွေးထုတ်ပေးတဲ့ဆေးတက္ကသိုလ်လဲအပေါစားဆန်သွားမယ် ဦးနှောက်ကိုဖေါက်စားပါတယ်ဆိုတဲ့အင်ဂျင်နီယာတွေမွေးထုတ်ပေးတဲ့နည်းပညာတက္ကသိုလ်တွေလဲအပေါစားဆန်တော့မယ်……LoL!!!!" ဆိုပြီးအဆိုပါဝင်ခွင့်စနစ်ကိုဝေဖန်ထားရှိသည်။

Source: 7Day News Journal

 



Follow us on