1. Home
  2. Special or Others

ကောင်းကင်ကြိုးရထားပေါ်မှ အသက်(၁၄)နှစ် မိန်းကလေးတစ်ဦး ပြုတ်ကျမှုဖြစ်ပွား

Special or Others มิ.ย. 27, 2560 view 1,726

အပ်စတိတ် နယူးယောက်ရှိသော အပန်းဖြေကစားကွင်းတစ်ခုတွင် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ကောင်းကင်ကြိုးရထားစီးနေစဉ် အမြင့် ၂၅ ပေခန့်မှ ပြုတ်ကျခဲ့ပြီး လူအုပ်ကြီးမှ အောက်ကနေ စောင့်ဆိုင်းဖမ်းယူခဲ့မှု တစ်ခုဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်ကို လာရောက်အပမ်းဖြေနေသူ လော့ရန်ူဆိုသူတစ်ဦးမှ အမှတ်မထင် ဗီဒီယိုမှတ်တမ်းတင်မိခဲ့ပြီးနောက် ဗီဒီယိုက အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။

ဗီဒီယိုထဲတွင် အပြာရောင်ဘောင်းဘီတိုနှင့် မီးခိုးရောင် ရှပ်အင်္ကျီဝတ်ဆင်ထားသော မိန်းကလေးသည် ရဟတ်ပေါ်မှ မပြုတ်ကျမီ မိနစ်ပိုင်းအလိုတွင် လက်တစ်ဖက်ဖြင့် တွဲလောင်းခိုထားလျှက် အော်ဟစ်အကူအညီတောင်းနေခဲ့သည်။


အောက်ဘက်ရှိလူအုပ်ကြီးက မိန်းကလေး ပြုတ်ကျလာနိုင်မည့်နေရာသို့ စုရုံးကာ ဆီးဖမ်းရန်ပြင်ဆင်ခဲ့ကြသည်။ ပြုတ်ကျလာသည့်အခါမှာတော့ အောင်မြင်စွာပင် ဖမ်းနိုင်ခဲ့သည့်အတွက် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပြီးနောက် ရဟတ်ယာဉ်ဖြင့် အယ်ဘေနီမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ မိန်းကလေးအား အောက်မှဆီးဖမ်းစဉ် ခါးနာသွားသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ဆေးရုံတွင် ကုသမှုခံယူနေရကြောင်းသိရှိရသည်။

ရဲမှတ်တမ်းများအရ အဆိုပါမိန်းကလေး စီးနင်းလာသော ကောင်းကင်ရထားသည် ပန်းခြံတစ်ခုလုံးကို ကောင်းကင်မှု ဖြည်းဖြည်းချင်းပတ်သွားနေသော ယာဉ်အမျိုးအစားဖြစ်ပြီး ထိုင်ခုံမှ လျောကျကာ ပြုတ်ကျခဲ့ရကြောင်း ပြောဆိုခဲ့သည်။
 



Follow us on