1. Home
  2. Myanmar News

မန္တလေးမြို့တွင် အမျိုးသမီးတစ်ဦးအား ဓါးနှင့်ထိုးသတ်ခဲ့သည့် တရားခံကိုဖမ်းဆီးရမိ

Myanmar News มิ.ย. 27, 2560 view 1,490

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် တမာတန်းလမ်းအနီး ပရိဘောဂစက်ရုံရှေ့တွင် အသက် (၂၉)နှစ်အရွယ် အမျိုးသမီးကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားကို မိုးညှင်းမြို့ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

 


သေဆုံးခဲ့သူမှာ အသက် (၂၉)နှစ်အရွယ် မကြည်ပြာဆိုသူဖြစ်ပြီး ဇွန်လ ၂၄ ရက် ညနေပိုင်းက ၎င်းနှင့် ၃ နှစ်ခန့်ကွဲနေသော ခင်ပွန်းဟောင်းဖြစ်သူ ဝင်းမြင့်အောင်(ခ)လှနေမိုး ဆိုသူက ပြန်လည်ပေါင်းသင်းရန် ပြောဆိုခဲ့ရာ မကြည်ပြာမှ လက်မခံသဖြင့် ဓားဖြင့်ထိုးသတ်ခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့သည်။


ဓားထိုးမှုကျူးလွန်သူသည် ကချင်ပြည်နယ်ဘက်သို့ တိမ်းရှောင် လာပြီး ဇွန်လ ၂၅ ရက်နံနက်က မန္တလေး-တနိုင်း မနောရတနာခရီးသည်တင် ယာဉ်အမှတ် 9J-9142 ကားပေါ်တွင် စီးနင်းလိုက်ပါလာပြီး စစ်ဆေးရေးဂိတ်တွင် မသင်္ကာ၍စစ်ဆေးခဲ့ရာ လူသတ်မှုကျူးလွန်ကာ ထွက်ပြေးလာမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။



 



Follow us on