1. Home
  2. Special or Others

လေယာဉ်အင်ဂျင်ထဲ အကြွေစေ့ပစ်ကာ ဘေးကင်းဖို့ဆုတောင်းခဲ့တဲ့ အဖွားအို

Special or Others มิ.ย. 28, 2560 view 1,473

လေယာဉ်အင်ဂျင်ထဲ အကြွေစေ့များပစ်ထည့်ကာ ဘေးအန္တရာယ်ကင်းစေရန် ဆုတောင်းခဲ့မှုတစ်ခု ပြီးခဲ့တဲ့ အင်္ဂါနေ့နေ့လည်ပိုင်းက ရှန်ဟိုင်းမြို့ရှိ ပုဒေါင်းအပြည်ပြည်ဆိုင်ရာလဆိပ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ရှန်ဟိုင်းကနေ ဂွမ်ကျိုးကို ပျံသန်းမည့် China Southern လေကြောင်းလိုင်းပေါ်သို့ ခရီးသည်များ တက်ရောက်စဉ် အသက် ၈၀ အရွယ်အဖွားအိုတစ်ဦးက အကြွေစေ့များကို လက်ထဲတွင် ဆုပ်ကိုင်ရင်း ခရီးလမ်းဘေးကင်းပါစေဟု ဆုတောင်းကာ လေယာဉ်အင်ဂျင်ပန်ကာထဲသို့ ပစ်ထည့်ခဲ့ကြောင်း အခြားခရီးသည်တစ်ဦးကမြင်တွေ့ခဲ့ပြီးနောက် လေဆိပ်အာဏာပိုင်များကို အကြောင်းကြားခဲ့သည်။


အဘွားအိုသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး အာဏာပိုင်များက ခတ္တထိန်းသိမ်းကာ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်သည်။ လေဆိပ်ဝန်ထမ်းများက လေးနာရီကြာမျှ လေယာဉ်အင်ဂျင်ထဲတွင် မွှေနှောက်ရှာဖွေခဲ့ပြီးနောက် ယွမ်ငွေ ၁.၇ တန်ဖိုးရှိသော အကြွေစေ့ ၈ ပြားကို တွေ့ရှိခဲ့ရသည်။


ထိုမျှအကြွေစေ့အနည်းငယ်ဖြင့် ဆုတောင်းရုံဖြင့် ကံကြမ္မာကို မဝယ်ယူနိုင်ပေမယ့် ယင်း အကြွေစေ့များကို လေယာဉ်အင်ဂျင်ထဲတွင် ရှာဖွေမတွေ့ရှိခဲ့ပါက အန္တရာယ်ရှိသည့် ပျက်ဆီးမှုမျိုးကို ကြုံတွေ့နိုင်သည်ဟု လေယာဉ်မှူးက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် နေ့လည် ၁၂ နာရီ ၄၀ မိနစ်တွင် ပျံသန်းရမည့်လေယာဉ်မှာ နောက်ထပ် ၅ နာရီခန့်နောက်ကျခဲ့ရပြီး ဂွမ်ကျိုးမြို့သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆိုက်ရောက်ခဲ့ကြောင်း သိရှိရသည်။
 



Follow us on