1. Home
  2. Special or Others

တရုပ်ရိုးရာသိုင်းဆရာများနှင့် သိုင်းပေါင်းစုံ(MMA)သမားတို့၏ စိန်ခေါ်ပွဲကို ရဲများဝင်ရောက်တာဆီး(ရုပ်/သံ)

Special or Others มิ.ย. 28, 2560 view 1,507

တရုပ်ရိုးရာသိုင်းပညာရှင်များနှင့် သိုင်းပေါင်းစုံကစားသမားများ အွန်လိုင်းပေါ်တွင် အငြင်းပွားစိန်ခေါ်မှုများ ဖြစ်ခဲ့ကြပြီးနောက် ချိန်းဆိုယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သည့်ပွဲကို မစတင်မီ ၁၀ မိနစ်ခန့်အလိုတွင် ရှန်ဟိုင်းရဲများ ရောက်ရှိလာကာ ဝင်ရောက်ဖြန်ဖြေတားဆီးခဲ့မှုတစ်ခု တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

Xu Xiaodong & Ma Baoguo


အဆိုပါပွဲမှာ တရားမဝင်ထိုးသတ်ပွဲတစ်ခုဖြစ်ပြီး သိုင်းပေါင်းစုံနည်းပြ Xu Xiaodong နှင့် တရုပ်ရိုးရာသိုင်းပညာရှင် Ma Baoguo တို့က ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။ သိုင်းပေါင်းစုံနည်းပြ Xu သည် လွန်ခဲ့သော ဧပြီလက တရုပ်ရိုးရာထိုက်ချိပညာကို “ဘာမှသုံးစားလို့မရတဲ့ပညာ ဟန်ပဲရှိတယ်”ဟု အွန်လိုင်းပေါ်တွင် ဝေဖန်စော်ကားခဲ့ပြီးနောက် ထိုက်ချိပညာရှင် တစ်ဦးနှင့် ချိန်းဆိုထိုးသတ်ခဲ့ရာ ၁၀စက္ကန့်အတွင်း လက်သီးတစ်ချက်နှင့် အလဲထိုးနိုင်ခဲ့သည့်အတွက် MMA ပညာက သာလွန်ကြောင်း မော်ကြွားနိုင်ခဲ့ပြီး မည်သည့် တရုပ်ရိုးရာသိုင်းပညာရှင်ကိုမဆို ရင်ဆိုင်နိုင်ကြောင်း တရုပ်ရိုးရာသိုင်းလောကသားများ အားလုံးကို စိန်ခေါ်ခဲ့သည်။

 

>> သိုင်းပြိုင်ပွဲကို ဤနေရာတွင်ကြည့်ပါ <<
 


ထို့ကြောင့် ထိုက်ချိသိုင်းပညာရှင် Ma Baoguo အပါအဝင် သိုင်းပညာရှင် ၄ ဦးက ရှေ့ထွက်လာကာ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး အားကစားရုံတစ်ခုတွင် ယှဉ်ပြိုင်ကြရန် သဘောတူခဲ့ခြင်းဖြစ်သည်။ တရုပ်ရိုးရာသိုင်းပညာကို အားပေးသူတစ်ဦးက အနိုင်ရသူကို ယွမ် ၁၀ သန်းဆုချမည်ဟုပင် အဆိုပါပွဲကို ပံ့ပိုးခဲ့သည်။

ပွဲကျင်းပမည့်နေ့တွင် အားကစားခန်းမကို မီးမှောင်ချကာ ရဲများဝင်ရောက်စီးနင်းခဲ့ပြီး Xu ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ Xu ၏ လူမှုကွန်ယက် Weibo အကောင့်လည်း ပိတ်ခံခဲ့ရသည်။


နောက်ပိုင်းတွင် Xu က ထိုက်ချိသိုင်းဆရာတစ်ဦး၏ တူဖြစ်သူက ရဲများကို ဇွန်လ ၂၆ ရက်နေ့က ဖုန်းဆက်သတင်းပေးခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တရုပ်ရိုးရာသိုင်းအဖွဲ့အစည်းကလည်း ဥပဒေနှင့် မညီသည့် ထိုပွဲကို အားမပေးကြောင်း စောစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ရိုးရာသိုင်းပညာနှင့် သိုင်းပေါင်းစုံတို့ဟာ တရုပ်နိုင်ငံတွင် ရန်စတစ်ခုလို ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။
 



Follow us on