1. Home
  2. Special or Others

မိဘနှစ်ပါးရဲ့ အသက်ကိုကယ်တင်ခဲ့တဲ့ ၃၈ ရက်သား မွေးကင်းစကလေးငယ်

Special or Others มิ.ย. 28, 2560 view 1,396

တရုပ်နိုင်ငံ စီချွမ်းရွာလေးက ၃၈ ရက်သားသာရှိသေးတဲ့ မွေးကင်းစကလေးငယ်လေးက မိဘနှစ်ပါး အရှင်လတ်လတ်မြေမြုတ်သင်္ဂြိုလ်ခံရမယ့် ဘေးအန္တရာယ်မှ ကယ်တင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆီချွမ်းရွာလေးမှာ ငလျင်ဒဏ်သင့်ခဲ့ပြီး တရွာလုံးပြားပြားမှောက် သေဆုံးပျက်ဆီးခဲ့ရသည့် သဘာဝဘေးအန္တရာယ်မှနေ၍ မိသားစုတစ်ခုဟာ ၃၈ ရက်သားကလေးလေးရဲ့ ငိုသံကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်။


ထိုနေ့နံနက် ၆ နာရီအချိန်ခန့်တွင် အသက် ၂၆ နှစ်အရွယ်မိခင်ဖြစ်သူ Xio Yanchun က မွေးကင်းစသားလေးရဲ့ ငိုသံကြောင့် နိုးလာခဲ့ပါတယ်။ ကလေးကို အနှီးလဲပေးပြီးကာစအချိန်မှာ ရုတ်တရက် လှုပ်ခါသွားပြီး မြေပြိုကျသံတွေကြားရပါတယ်။ တစ်ချိန်ထဲမှာပင် မြေကြီးခဲနဲ့ ကျောက်တုံးတွေဟာ တစ်ဟုန်ထိုး အိမ်ထဲဝင်လာတဲ့အတွက် ကလေးကို ပွေ့ပိုက်ကာ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ သူတို့ဟာ ကျောက်တု့းတွေပေါ်ကနေ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပါတယ်။


နံနက် ၉ နာရီအချိန်ခန့်မှာ ကယ်ဆယ်ရေးတွေ ရောက်ရှိလာပြီး သူတို့သုံးဦးကို ကယ်တင်ခဲ့ပါတယ်။ ငလျင်ဒဏ်မှ လွတ်မြောက်ခဲ့သော်လည်း ကလေး၏ ဗိုက်ထဲသို့ မြေကြီးနှင့် အန္တရာယ်ရှိတဲ့ အရာတွေအများအပြား ဝင်သွားခဲ့တာကြောင့် ဆေးရုံပေါ်မှာ ပိုက်နဲ့ ပြန်စုတ်ထုတ်ကာ ကုသမှုခံယူခဲ့ရပြီး အခုအခါ အခြေနေကောင်းမွန်လာပြီဖြစ်ပါတယ်။


တစ်ရွာလုံးမှာ သူတို့သာ လွတ်မြောက်လာနိုင်ခဲ့ပြီး Xiao ရဲ့ မိဘ၊ အဖွားနှင့် ၂ နှစ်အရွယ်သမီးငယ်လေးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ လူဦးရေ ၁၀၀ ခန့်နေထိုင်သော ကျေးရွာလေးတွင် ၁၅ ဦးသေဆုံးခဲ့ရပြီး ကျန်လူများမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။



Follow us on