1. Home
  2. Myanmar News

ပြည်မြို့ KTV တွင်စကားများကြရာမှ လူသတ်မှုဖြစ်ပွား

Myanmar News มิ.ย. 29, 2560 view 1,858

ဇွန်လ ၂၈ ရက်နေ့က ပြည်မြို့တွင် ဖွင့်လှစ်ထားသော ရိုင်ရယ်စတား စင်တင်ကေတီဗီတွင် လာရောက်သီချင်းဆိုသူ လူငယ်အဖွဲ့နှင့် စာပွဲထိုးများ အချင်းများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 


ပြည်မြို့ ကျောင်းအိုးရပ်ကွက်တွင် နေထိုင်ကြသော သော်ကြီး၊ ကျော်ကြီးနှင့် အာကြီးတို့ ၃ ဦးသည် ည ၉ နာရီအချိန်ခန့်တွင် ရိုင်ရယ်စတား စင်တင်ကေတီဗီ၏ အခန်း ၆ တွင် သီချင်းဆိုနေခဲ့ပြီး စာပွဲထိုးများနှင့် စကားများကြရာမှ ရန်ပွဲဖြစ်ပြီး ဓားထိုးခံခဲ့ရခြင်းဖြစ်သည်။

 


ဓားထိုးမှုကြောင့် အာကြီးဆိုသူသည် ညာဘက်ရင်အုံထိုးသွင်း ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် နေရာတင်သေဆုံးခဲ့ပြီး အခြား နှစ်ဦးကို ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရကြောင်း သတင်းရရှိသည်။

အမှုကိုဆက်လက်စုံစမ်းနေကြောင်း ပြည်မြို့အထူးသတင်းထောက် ဦးသက်ထံမှ သတင်းရရှိသည်။
 



Follow us on