သရုပ်ဆောင်လုပ်ငန်းတွေအပြင် ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Miss တစ်ဖြစ်လဲသရုပ်ဆောင် မေဘရဏီသော်က Miss တစ်ယောက်ဖြစ်တဲ့အပြင် ညီမတွေ၊တူမတွေကြောင့် Sexy ပုံစံတွေမရိုက်ဖြစ်ဘူးလို့ ဆိုလိုက်ပါတယ်။
“Sexy ပုံစံမျိုး သိပ်မရိုက်ဖြစ်တာက Miss တစ်ယောက်ရဲ့ သွားလာမှုပိုင်းက Smart နဲ့ Elegant ဖြစ်တယ်၊ပြီးတော့ ညီမတွေ၊တူမတွေရှိတယ်။သူတို့တွေကကိုယ့်ဝတ်ပုံစားပုံတွေကိုတစ်ချိန်လုံးဂရုစိုက်ပြီးကြည့်ကြတယ်။အဲ့တာတွေကလည်း ကိုယ့်ကို သတိထားအောင် လုပ်လိုက်တဲ့အချက်ထဲမှာလည်းပါတယ် ” လို့ မေဘရဏီသော်က 8Days ကိုပြောလိုက်ပါတယ်။
ဒါ့အပြင်ကိုယ့်အသံအခြေအနေကိုသိတာကြောင့်လက်တလောသီချင်းဆိုဖို့အစီအစဉ်မရှိသေးကြောင်းနဲ့ပရဟိတလုပ်ငန်းတွေကို အဓိကအားဖြင့် MUM အပိုင်းနဲ့ပတ်သက်ပြီးတော့ သူတို့တွေနဲ့ပရဟိတ လုပ်ဖြစ်ကြောင်းဆိုထားပါတယ်။
Source: 8Days