
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ကွင်းကောက်နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်း ကညွှတ်ကွင်း ကျေးရွာအုပ်စု ဝါဘိုကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်ကလေးငယ်ကို ၁၉ နှစ်အရွယ် အမျိုးသမီးတဦးက ဇွန်လ ၂၈ ရက်နေ့ ညနေ ၃ နာရီတွင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သေဆုံးခဲ့သူ ၅ နှစ်အရွယ် မိန်းကလေးမှာ မနှင်းနှင်းဝေဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် မသဇင် ဆိုသူက စိတ်ဖောက်ပြန်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ မသဇင်ဆိုသူမှာ လွန်ခဲ့သော သုံးလခန့်ထဲက စိတ်ဖောက်ပြန်နေကြောင်းသိရှိရသည်။
ကလေးကို သတ်ဖြတ်ခဲ့ပြီးနောက် ခဲတံချွန်သည့်ဓါးဖြင့် သူ့ကိုယ်သူ လှီဖြတ်ထားသော ဒဏ်ရာပေါင်းများစွာတွေ့ရပြီး ကွင်းကောက်တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။ ဆရာဝန်၏ ညွှန်ကြားချက်ပေါ်မူတည်ကာ ရန်ကုန်ဈတ်ရောဂါကုဆေးရုံသို့ တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
အမှုကို ဖြစ်စဉ်အမှတ် (ပ)၈၅ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားကြောင်း သိရှိရသည်။
DVB
comment