1. Home
  2. Myanmar News

တိုင်းတပါးတွင် ကံကောင်းလွန်းတဲ့ မြန်မာ စာသင်ကျောင်းသား

Myanmar News ก.ค. 03, 2560 view 1,752

မြန်မာကျပ်ငွေ သိန်းပေါင်း ၇သောင်း ၅ထောင်ခန့်ရရှိမည့် ဂျပန်ထီကို မြန်မာကျောင်းသားတစ်ဦးပေါက်ခဲ့ကြောင်း သိရှိရသည်။ရက်သတ္တ တစ်ပတ်လျှင် နှစ်ကြိမ်မျှ တနင်္လာနေ့နှင့် ကြာသပတေးနေများဝယ် ဖွင့်လေ့ရှိသော ဂျပန်ထီ lotto 6 ၁၁၈၅ အကြိမ်မြောက်ကို ပြီးခဲ့သည့်လနောက်ဆုံးပတ်က ဖွင့်လှစ်ခဲ့ရာတွင် ဂျပန်နိုင်ငံသို့ ရောက်နေသည်မှာ ၂လခန့်မျှသာရှိသေးသော မြန်မာကျောင်းသားတစ်ဦးက ပထမဆုပေါက်သွားကြောင်းသိရသည်။

အဆိုပါ lotto 6  ဂျပန်ထီ ၁၁၈၅ကြိမ်မြောက်၏ ပထမဆုအတွက် ဂျပန်ငွေ ယန်း သန်း ၆၀၀(မြန်မာကျပ်ငွေ သိန်းပေါင်း ၇သောင်း ၅ထောင်ခန့်)ရရှိမည်ဖြစ်သည်။၁၁၈၅ ကြိမ်မြောက်မတိုင်မီ ထီဖွင့်ရာဝယ် နှစ်ကြိမ်မျှ ပထမဆုပေါက်သူ မရှိခဲ့သဖြင့် ပထမဆုအတွက် ဆုငွေများပိုမိုများပြားသွားသဖြင့် ယခုကဲ့သို့ မြန်မာကျပ်ငွေ သိန်းပေါင်း ၇သောင်း ၅ထောင်ခန့်ရရှိသွားခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ မြန်မာတစ်ဦးကပြောသည်။

"အရင်၂ခေါက်ကပထမဆုဘယ်သူမှမပေါက်လို့ ဆုငွေတွေ Carry Over ဖြစ်တော့ ခုလို ဆုကြေးအများဆုံးပေါက်သွားတာဗျ"ဟု ထိုပုဂ္ဂိုလ်ကပြောခြင်းဖြစ်သည်။

Source: PN002

 



Follow us on