1. Home
  2. Movie Stars - Celebrity

ဖွေး​ဖွေး ဝတ်​ဆင်​ထားတဲ့ ရှမ်းတိုင်းရင်းသားဝတ်စုံနဲ့ကန့်ကွက်ဝေဖန်မှု အွန်လိုင်းမှာလူပြောများ

Movie Stars - Celebrity ก.ค. 03, 2560 view 2,040

လက်တလောမှာတော့ "ဇာတ်​ဝင်​ခန်း တစ်​ခုမှာ သရုပ်​​ဆောင်​ ​ဖွေး​ဖွေး ဝတ်​ဆင်​ထားတဲ့ ရှမ်းတိုင်းရင်းသား ဝတ်​စုံကို ​ဌာ​နေ ရှမ်းတိုင်းရင်းသားများ ​မေတ္တာရပ်​ခံထားပြီး ၊ အနုပညာရှင်​များအ​နေနဲ့ ဂရုပြုရန်​ လိုအပ်​" ကြောင်းဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွေမှာအတော်လေး ပျံ့နှံ့နေပါတယ်။ SHAN NEWS AGENCY ကနေ " လူထုအသံ People Voice" ဆိုတဲ့ ကဏ္ဍမှာအခုလိုဖော်ပြထားတာပါ။

"မေတ္တာရပ်ခံပါရစေ။

အနုပညာ ကိုလေးစားပါတယ်။ သို့သော် လူဆိုးခန်း အရက်မူးခန်း တွေ မှာ ကျမတို့ ရှမ်းလူမျိုး များရဲ့ ဝတ်စုံ ကို မသုံးစေချင်ပါ။မြန်မာစကားပြောဇာတ်ကားဆိုရင် မြန်မာ ဝတ်စုံ ဝတ်ပါ။ ကျမတို့ ရှမ်းလူမျိုး ရှမ်းစကား ပြော ရုပ်ရှင် ရိုက်ရရင် လူဆိုး ခန်း အရက်မူးခန်း မှာ ရိုက်ရင် ကျမ တို့ ဗမာ လူမျိုး ဝတ်စုံ ဝတ်ခိုင်းပြီး ရမ်းကား ခိုင်းရင် ဗမာ လူမျိုး များ လည်း ကြိုက်မှာ မဟုတ်ပါ။ကိုယ်ချင်းစာ စိတ်လေး ထားစေချင်ပါသည်။ ကျမတို့ ရှမ်း လူမျိုးများ ဟာ ရိုးရာ ဝတ်စုံ ကို ချစ်ပါသည်။ကျမတို့ရှမ်းဝတ်စုံ ကို ဘုရားသွား ကျောင်းတက် ဘာသာရေး ပွဲ များ၊ မင်္ဂလာ ဆောင် ပွဲ များ၊ မွှေးနေ့ မင်္ဂလာ ပွဲ များ၊ နိုင်ငံတော်မှ ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့် ပွဲ များ တွင် ရှမ်းရိုးရာ ဝတ်စုံ များ ကို မြတ်မြတ်နိုးနိုး ဝတ်ပါသည်။

ဗမာ ကို နှိမ်တာ မဟုတ်ပါ။ တချို့ဗမာတွေ ဗုဒ္ဓဂါယာ ဘုရားဖူး မှာ ပါတိတ်တွေ ကီမိုနိုတွေ ဘဲ အဝတ်များ ပါတယ်။နိုင်ငံခြား ဘုရား ဖူး မှာ ချိတ်ထမိန် ဝတ်တာ နဲပါတယ်။ ကျမတို့က ကျမ တို့ ရှမ်းရိုးရာ ဝတ်စုံများ ကို နိုင်ငံခြား ဘုရား ဖူး၊ သီရိလင်္ကာ ဘုရား ဖူးထွက်ရင်တောင် ရှမ်းဝတ်စုံ တူညီလေး ဝတ်ပြီး ထွက်ပါတယ်။ကျမတို့ ရှမ်းရိုးရာ ဝတ်စုံ ကို အဲလောက်ချစ်ပပါတယ်။ ဘာသာ သာသနာပွဲ မှာ ရိုးရာ ဝတ်စုံ အဓိက ထားအလေးထား တဲ့ လူမျိုးပါ။ဒါကြောင့် အဲဒီ အမူးခန်း၊ လူဆိုးခန်း မှာ ဗမာ ဝတ်စုံ သုံး ပြီး ရိုက်ပါ လို့ မေတ္တာ ရှေ့ ထား ၍ ပြောကြားပါတယ်။ကျမ ရေးသား တင်ပြတာ မှန်ရင် ရှယ်ပေးပါ။မည်သူ့ကိုမှ ထိခိုက်နှစ်နာ အောင် မရေးထားပါအဲလို မဝတ်ဖို့ ထောက်ခံပါသည် လို့ လည်း ကွန်မင့်ပေးပါ။။SHAN NEWS AGENCY ရှမ်းသတင်း​အေဂျင်​စီရဲ့ လူထုအသံ သို့ ​ပေးပို့လိုပါက သတင်းခန်း ဖုန်း ၀၉၇၉၈၆၂၈၉၇၇ ကို ဆက်​သွယ်​နိုင်​သလို ​ဖေ့ဘုတ်​ မတ်​​ဆေ့က တဆင့်​လည်း ​ပေးပို့နိုင်​​ကြောင်း ဖိတ်​​ခေါ်အပ်​ပါတယ်" လို့ဖော်ပြထားပါတယ်။

ဘုန်းကညာနှစ်ပါး -ရုပ်ရှင်ဇာတ်ကားကြီး မှာ ဖွေးဖွေးဝတ်ဆင်ထားတဲ့ ရှမ်းဝတ်စုံနဲ့ ပတ်သက်ပြီး အခုလိုပေါ်ထွက်လာသလို ပြီးခဲ့တဲ့ ပုဂံဇာတ်လမ်းအခြေပြုဇာတ်ကားနဲ့ပတ်သက်ပြီးတော့ဝေဖန် သံတွေထွက်ပေါ်လာခဲ့ပါသေးတယ်။

ဘုန်းကညာနှစ်ပါး -ရုပ်ရှင်ဇာတ်ကားကြီး ကို ဒါရိုက်တာကိုဇော်(အာရုဏ်ဦး)ရိုက်ကူးပြီး မြင့်မြတ်၊ဖွေးဖွေးတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။



Follow us on