1. Home
  2. Good Morning Myanmar

ဇွန်လကုန်ပိုင်း ဆန်လက်လီဈေးကွက်မှာ ဆန်ကြမ်းဈေးပြန်တက်နေ

Good Morning Myanmar ก.ค. 03, 2560 view 1,423

ဇွန်လ(၂၅) ရက်နောက်ပိုင်း ဆန်လက်လီဈေးကွက်မှာ ဆန်ကြမ်းဈေးတစ်အိတ် ငွေကျပ်(၅၀၀)က နေ(၇၀၀)ကြားပြန်တက်လာတယ်လို့ ရန်ကုန်မြို့ရဲ့ဆန်အရောင်းအ၀ယ် ဈေးကွက်ဖြစ်တဲ့ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ဇွန်လ(၁၅)ရက်နေ့က တရုတ်နိုင်ငံဘက်ကဘဏ်တွေမှာ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေ အပိတ်ခံရတာနဲ့စပ်လျဉ်းပြီး မူဆယ်ဘက်မှာလည်း ဆန်အရောင်းအ၀ယ်လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တယ်လို့သိရပါတယ်။

ဒီလိုအရောင်းအ၀ယ်ရပ်တန့်သွားတဲ့အတွက် ဆန်ကြမ်းဈေးတွေဟာ တစ်အိတ်ကို ငွေကျပ်(၅၀၀)ကနေ(၁၀၀၀)ကြားဈေးကျသွားပါတယ်။ဇွန်လ(၂၃)ရက်နေ့ ညနေ(၆) နာရီမှာတော့ အပိတ်ခံထားရတဲ့ ဘဏ်စာရင်းအချို့ ပြန်ဖွင့်ပေးလိုက်တဲ့နောက် ဆန်အရောင်းအ၀ယ် တွေပြန်စခဲ့ပြီး ဇွန်လ(၂၅)ရက်နောက်ပိုင်းမှာတော့ မူဆယ်ဘက်က အရောင်းအ၀ယ်ပြန်ဖြစ်တဲ့အတွက် ဆန်ကြမ်းဈေးတွေဟာ တစ်အိတ်ကို ငွေကျပ်(၅၀၀)ကနေ(၇၀၀) ကြားပြန်တက်လာတယ်လို့ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ဆန်ချောကတော့ အရောင်းအ၀ယ်အေးနေသလို ဈေးနှုန်းလည်းအေးနေပြီး တစ်အိတ်ကို ပျမ်းမျှငွေကျပ် သုံးသောင်းဝန်းကျင်ကနေ လေးသောင်းကျော်ဝန်းကျင်လောက်ရှိပြီး ဆန်ကြမ်းအနေနဲ့တော့ တစ်အိပ် ငွေကျပ်တစ်သောင်း ကျော်ဝန်းကျင်ကနေ နှစ်သောင်းဝန်းကျင်လောက် ရှိတယ်လို့ ၀ါးတန်းလမ်း ဆန်ကုန်စည်ဒိုင်စာရင်းတွေအရသိရပါတယ်။

ဒါ့အပြင် ဆန်ကြမ်းတွေဟာ လက်ရှိမှာမိုးရာသီဖြစ်တာကြောင့် ဆန်စက်ပိုင်နဲ့ ကုန်သည်တွေလက်ထဲမှာလည်း ဆန်လှောင်ထားတာဘဲရှိပြီး လယ်သမားတွေလက်ထဲမှာလည်း စပါးလက်ကျန်မရှိတော့တဲ့အတွက် ဆန်ကုန်စည်ဒိုင်အတွင်းကို ဆန်ကြမ်းအ၀င်နည်းနေတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ ရက်(၉၀)၊အညာသားဆန်၊ ၂၅ မတ်ဆန်နဲ့ ဆန်ကွဲတွေအရောင်းအ၀ယ်လိုက်နေတယ်လို့သိရပါတယ်။



Follow us on