1. Home
  2. Movie Stars - Celebrity

ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ Post နဲ့ အိုင်းရင်းဇင်မာမြင့် ပြောတဲ့ သူ့အကြောင်း

Movie Stars - Celebrity ก.ค. 03, 2560 view 2,047

ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ Post တစ်ခု တင်လိုက်တဲ့ အိုင်းရင်းဇင်မာမြင့် ကြောင့် သူ့ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ တင်ထားတာကတော့ " ” .ရဲ့ အမှတ်တရပစ္စည်းပေါင်း ၁သိန်း၆သောင်းကို အိမ်ရှင်းရင်းတွေ့လို့တဲ့ ဘာလုပ်ရမလဲလို့ အိမ်ကမေးလာတယ် ကဲ ဘာလုပ်ခိုင်းလိုက်မယ်ထင်လဲဟင် ”" ဆိုပြီးမေးထားတာပါ။ 

ပရိသတ်တစ်ယောက်က "ကောင်းကောင်း Texas Dallas ရောက်နေပါတယ် အမ" လို့ပြောချိန်မှာတော့ "သူနုတ်ဆက်သွားသေးတယ်လေ အိပ်မက်ထဲပြောပါတယ် တော်ကြာ သွေးဆောင့်တက်နေဦးမယ်" ဆိုပြီး ပြန်ပြောထားပါသေးတယ်။

အဆိုပါပရိသတ်က "Irene Zinmar Myint သူ့ကို ကြည့်ရတာ အမလောက် သူ့ချစ်သူကို ချစ်ပုံမရဘူးလေ" လို့ပြောတဲ့အခါမှာတော့ "ဖြစ်မှာပါ အမကဒီလောက်ချစ်ဖို့ကောင်းတာကို အမဆီမရတာ တခြားက ယူရှာတာပါ" လို့ပြန်ပြောခဲ့တာက ပရိသတ်တွေစိတ်ဝင်စားမှုနှုန်းမြင့်လာပါတယ်။အိုင်းရင်းဇင်မာမြင့်က နှစ်အတော်ကြာ လက်တွဲလာခဲ့တဲ့ ချစ်သူ အဆိုတော် ကောင်းကောင်း နဲ့ လမ်းခွဲလိုက်တဲ့ အကြောင်းကို fb live ကနေ ပြောကြားခဲ့တာပါ။

Source: အိုင်းရင်းဇင်မာမြင့်ဖေ့စ်ဘွတ်



Follow us on