"အေးသောင်း"ခောတ် ရောက်ပြီး၊မမအေးသောင်းအတွက်၊အေးသောင်းဖတ်ဖို့ကဗျာ..စသဖြင့်လူမှုကွန်ရက်မှာ မြန်မာဆန်ဆန်အလှနဲ့ ပရိသတ် အားပေးမှုကို တဖန်ရရှိထားတဲ့ အေးဝတ်ရည်သောင်းက ‘မင်္ဂလာရှိသောအရပ်’ ဇာတ်လမ်းတွဲတွင်စကားထစ်တဲ့ကျောင်းဆရာမတစ်ဦးဇာတ်ရုပ်ဖြင့်သရုပ်ဆောင်ရမည်ဖြစ်ပြီး၊လက်ရှိတွင်ရုပ်ရှင်ရိုက်ကူးဖို့ကမ်းလှမ်းမှုတွေ ရှိကြောင်းနဲ့ ဇာတ်လမ်း ဖတ်နေကြောင်းအေးဝတ်ရည်သောင်းက ဆိုပါတယ်။
"‘လောလောဆယ်တော့ ကမ်းလှမ်းထားတာ နှစ်ခုရှိပါ တယ်။ အစ်မဇာတ်လမ်းဖတ်နေ တယ်။ ဖတ်ကြည့်လို့ အဆင်ပြေ တယ်။ သူတို့ဘက်နဲ့ ရက်ညှိလို့ အဆင်ပြေရင်တော့ ရိုက်ဖြစ်မှာ ပါ။ ပထမတစ်ခုက နယ်မှာသွား ရိုက်မှာ အပျော်လေးပဲ။ ရွာမှာဖြစ် ပျက်တဲ့ အကြောင်းရိုက်မှာ။ နောက်တစ်ခုက စုံထောက်ပုံစံ ကားတစ်ခု ပြောထားတယ်" လို့ 7daydaily ကိုဖြေကြားထားပါတယ်။
မကြာခင်ကာလမှာတော့ ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တွေမှာ "မင်္ဂလာရှိသောအရပ်" ဇာတ်လမ်းတွဲကို ဇူလိုင် ၅ ရက်စတင်ကာ တွင် ရိုက်ကူးမည်ဖြစ်ပြီး မြင့်မြတ်၊ စည်ဖြိုး၊ Kevin Kate၊ အေးဝတ် ရည်သောင်းနှင့် နွယ်ဒါလီထွန်း တို့က ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်းသိရှိရပါတယ်။ဒါ့အပြင် Remax Myanmar Brand Ambassador အဖြစ် ရုပ်ရှင်သရုပ်ဆောင် သရုပ်ဆောင် အေးဝတ်ရည်သောင်း ကို ဇူလိုင်လ ၃ရက်နေ့ကခန့်အပ်ကြောင်းသိရပါတယ်။
Source: 7daydaily