1. Home
  2. Good Morning Myanmar

တိုင်းရင်းဆေးပညာတွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ ကဏ္ဍ(၂)ခုခွဲပြီး စတင်လုပ်ဆောင် သွားမည်

Good Morning Myanmar ก.ค. 04, 2560 view 1,454

တိုင်းရင်းဆေးပညာတွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ လတ်တလောဆောင်ရွက်သင့်တဲ့ ကိစ္စနဲ့ အချိန်ယူ ဆောင်ရွက်သင့်တဲ့ ကိစ္စဆိုပြီး (၂)ပိုင်းခွဲကာ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့က စတင် လုပ်ဆောင်တော့မယ်လို့သိရပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ ဒီကနေ့ဇူလိုင်လ (၂)ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ Training Center မှာအားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့တို့ ပထမအကြိမ်အဖြစ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လ(၉)ရက်က အဖွဲ့ဝင်(၁၅)ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ တိုင်းရင်းဆေးပညာရပ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် အဓိကအားဖြင့် တိုင်းရင်းဆေးကောင်စီဥပဒေပြင်ဆင်ရေးအပြင် သင်ကြားရေး၊ကုသရေးအစရှိတဲ့ ကဏ္ဍတွေကိုပါ အကြံပြုထောက်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီအဖွဲ့ကို တိုင်းရင်းဆေးများ မှတ်ပုံတင်ခြင်း၊ထုတ်လုပ်ခြင်း၊ထုတ်လုပ်ခွင့် လိုင်စင်လျှောက်ထားခြင်း တွေအတွက် တိကျတဲ့ မူဝါဒများချမှတ်နိုင်ဖို့၊ တိုင်းရင်းဆေးပညာ သင်ကြားရေး၊ သုတေသနလုပ်ငန်း တွေအတွက် ဆွေးနွေးအကြံပြုနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



Follow us on