1. Home
  2. Special or Others

သင့်ရဲ့အိမ်ထောင်ရေးအခြေအနေကို ဖော်ပြပေးနေတဲ့ အိပ်စက်မှုပုံစံ

Special or Others ก.ค. 04, 2560 view 1,765
အိပ်ယာတစ်ခုထဲမှာ တူတူအိပ်စက်ကြတဲ့ ဇနီးမောင်နှံ ချစ်သူအိမ်ထောင်ဘက်နှစ်ဦး အိပ်စက်တဲ့ ပုံစံက တစ်ဦးအပါ်တစ်ဦးထားရှိတဲ့ စိတ်နေသဘောထားကို ပြောပြပေးနိုင်တယ်ဆိုရင် သင်ယုံကြည်လက်ခံပါ့မလား..?
ပုံလေးတွေကို တစ်ခုခြင်း ထောက်ကြည့်ပြီး တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ ပြီးရင် ကိုယ့်ရဲ့ အိပ်တဲ့ပုံစံ စတိုင်လေးကို မန့်ပေးခဲ့ကြပါဦး..။
 
လူတစ်ဦးခြင်းစီရဲ့ အိပ်စက်ပုံကလည်း စိတ်နေသဘောထားကို ပြောပြပေးနိုင်ပါတယ် ဥပမာ ပက်လက်လှန်ပြီး အိပ်စက်တတ်သူရဲ့ စိတ်နေစိတ်ထားက ကြံ့ခိုင်တယ်၊ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်။ ဝမ်းလျားမှောက် အိပ်တတ်တဲ့သူကတော့ ပွင့်လင်းတယ်၊ အဖော်မင်တတ်တယ်၊ နောက်နောက်ပြောင်ပြောင် နေတတ်သူတွေ ဖြစ်ကြပါတယ်။
 
ဒီလိုပါပဲ ဇနီးမောင်နှံနှစ်ဦးကြား ယှဉ်တွဲအိမ်စက်တဲ့ ကိုယ်ဟန်အမူအယာပုံစံတွေက  အိမ်ထောင်ရေးအခြေအနေကို ပြောပြပေးနေပါတယ်။


The Spoon

လူမှုဆက်ဆံရေး စိတ်ပညာရှင် Corrine Sweet ရဲ့ လေ့လာဆန်းစစ်မှုအရ ယခုကဲ့သို့သော ပုံစံမျိုးကို ၁၈% သောစုံတွဲများမှာသာ တွေ့ရတဲ့ ရှားပါးတဲ့ပုံစံမျိုးဖြစ်ပြီး အဓိပ္ပါယ်ကတော့ “ကိုယ်မင်းကို ယုံကြည်တယ်” လို့ ဆိုပါတယ်။

The Loose Spoon


 

ဒီပုံစံက အပေါ်ကလို Spoon နဲ့ခပ်ဆင်ဆင်တူပေမယ့် အရမ်းကြီးပူးကပ်နေတဲ့ အနေအထားမျိုးမဟုတ်ပါဘူး။အဓိပ္ပါယ်ကတော့ “မင်းနောက်မှာ ကိုယ်ရှိတယ်၊ စိတ်ချနေပါကွာ” ဆိုတာဖြစ်ပါတယ်။
 

The Chase

 


Spoon လို ပူးကပ်ထားပေမယ့် အိပ်ယာရဲ့ တစ်ဖက်အစွန်မှာဖြစ်လို့ နောက်ကနေ အတင်းလိုက်ဖမ်းတဲ့ သဘောကိုဆောင်ပါတယ်။ သဘောကတော့ အဖက်ခံထားရသူက အနည်းငယ် လွပ်လွပ်လပ်လပ်နေရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်။

The Tangle

 



တစ်ဦးနဲ့တစ်ဦး မျက်နှာခြင်းဆိုင် လိမ်ယှက်ပြီး အိပ်နေတဲ့ပုံစံမျိုးဖြစ်ပြီး ချစ်ပွဲဝင်ဖို့ အစပျိုးနေတဲ့ အနေအထားမျိုး သဘောဆောင်ပါတယ်။ တစ်ဦးကိုတစ်ဦး အရမ်းတွယ်တာတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

The Unraveling Knot

 


အိပ်ကာစမှာ Tangle ပုံစံမျိုးနဲ့စတင်ပြီး ၁၀ မိနစ်လောက်အကြာမှာ သီးခြားစီဖြစ်သွားတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ၈% သော စုံတွဲတွေမှာသာတွေ့ရတဲ့ ပုံစံဖြစ်ပြီး Tangle ပုံစံထက် နှစ်ကိုယ်ကြားဆက်ဆံရေး ပိုမိုခိုင်မာတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

The Liberty Lovers

 


တစ်ဦးကိုတစ်ဦး ကျောပေးပြီး လူခြင်းမထိတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအနေအထားဟာ ကောင်းမွန်တဲ့ပုံစံမျိုးဖြစ်ပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန်ယုံကြည်မှုရှိသူတွေ ဖြစ်ကြပါတယ်။ ၂၇% သော စုံတွဲတွေမှာသာ တွေ့ရတတ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။

The Back Kisser

 


ဖင်ချင်းပေါက် အိပ်စက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ တစ်ဦးပေါ်တစ်ဦး သက်တောင့်သက်သာ ဖြစ်တဲ့သဘောကိုဆောင်ပါတယ်။ ဒီပုံစံမျိုးကို ညားခါစ လင်မယားစုံတွဲတွေမှာ တွေ့ရတတ်ပါတယ်။

The Nuzzle

 

 

တစ်ယောက်ရဲ့ ရင်ခွင်ပေါ် တစ်ယောက်က ခေါင်းတင်အိပ်စက်တဲ့ပုံစံဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုအရမ်းရှိတယလို့ ဖော်ပြနေပါတယ်။
 

The Leg Hug

 


ခြေထောက်ချင်း ချိပ်လျှက်ပြီး အိပ်တတ်တဲ့ စုံတွဲတွေကတော့ ကြားလေသွေးရင်တောင် ဝေးမှာစိုးတဲ့သူတွေဖြစ်ပါတယ်။ အိပ်နေတဲ့အချိန်မှာတောင် မရမက ဖက်ထားတတ်ကြသူတွေဖြစ်ပါတယ်။
 



Follow us on